Editor Note

Editor Note

အာဇာနည်နေ့ ထပ်ရှိဖို့ မလို

 

မိုးထက်ဇော် (ပုံတောင်သား)

 

ဒီနေ့ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ပုဂ္ဂိုလ်တွေ ကျဆုံးခဲ့တာ ၇၈ နှစ်မြောက်ရှိပါပြီ။

 

၇၈ နှစ်မြောက်ပြည့်တဲ့ထိတိုင်အောင် မြန်မာပြည်သူတွေရဲ့ အသက်တွေ၊ ဘဝတွေကတော့ ဖက်ဆစ် စစ်တပ်ရဲ့ နှိပ်စက်မှု၊ သတ်ဖြတ်မှု၊ ညှင်းပန်းဖိနှိပ်မှုတွေကနေ လွတ်မြောက်နိုင်ခြင်း မရှိသေးပါဘူး။

 

အာဇာနည်သူရဲကောင်းတွေမြောက်များစွာလည်း ထပ်ထပ်ပေါ်ထွက်နေတာ လွတ်လပ်ရေးရပြီး ကတည်းက လို့ပဲ ပြောချင်ပါတယ်။

 

ယနေ့အထိ ဗိုလ်ချုပ်အောင်ဆန်း မျှော်လင့် စုစည်းခဲ့တဲ့ ပင်လုံစာချုပ်ကို အကောင်အထည် ဖော်ပေး နိုင်ခဲ့ခြင်း မရှိသေးပါဘူး။

 

၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့စလို့ နေဝင်း ဦးဆောင်တဲ့ ဖက်ဆစစ်စစ်တပ်က တိုင်းပြည်အာဏာကို ကိုယ်ပိုင်လိုသဘောထား မတရားသိမ်းပိုက်ခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လိုက်ရတဲ့ တိုင်းရင်းသားတွေထပ်မံထွက်ပေါ်လာခဲ့ပါတယ်။

 

ဒီလိုပဲ နိုင်ငံရေးအရ ဆွေးနွေးခွင့်၊ တောင်းဆိုခွင့်မရလို့ လက်နက်ကိုင်တော်လှန်ခဲ့ရကြတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ခေတ်အဆက်ဆက်ထွက်ပေါ်လာခဲ့ပါတယ်။

 

စစ်တပ်က တိုင်းပြည်အာဏာတစ်ခါသိမ်းတိုင်း လက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပေါ် လာခဲ့တာချည်းပါပဲ။

 

အခုလည်း စစ်တပ်ကနေ အငြိမ်းစား ပင်စင်သွားရတော့မယ့်အချိန် နီးကပ်နေပြီဖြစ်တဲ့ မင်းအောင် လှိုင်က သမ္မတရာထူးမရလို့ ပြည်သူလူထု ထောက်ခံမှုနဲ့ ရွေးချယ်လိုက်တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို မဲသမာမှုအကြောင်းပြ မတရားအာဏာသိမ်းလိုက်ပြန်ပါတယ်။

 

ပြည်သူလူထုအနေနဲ့လည်း မတရားအာဏာသိမ်းမှုကို လက်မခံပဲ လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

 

ဒါပေမယ့် ဖက်ဆစ်စစ်တပ်ရဲ့ ထုံစံအတိုင်း လက်နက်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

 

မြန်မာပြည်သူလူထုအနေနဲ့ ဒီဖက်ဆစ်စစ်တပ်ရှိနေသ၍ ဘယ်တော့မှ မငြိမ်းချမ်းဘူးဆိုတာ ခေတ် အဆက်ဆက်ဖြတ်သန်းခဲ့မှုက သမိုင်းသက်သေတွေပါပဲ။

 

စစ်တပ်ဆိုတာက ပြည်သူလူထုကို ကာကွယ်ရမယ်လို့ ကတိသစ္စာပြုထားပေမယ့် တကယ်တော့ အာဏာရှင်လူတစ်စု၊ ခေါင်းဆောင်တစ်ဦးရဲ့ နောက်လိုက်အဖွဲ့အစည်းသက်သက်ဆိုတာ မြန်မာ စစ် တပ်က နမူနာပါပဲ။

ပြည်သူလူထုကို ကာကွယ်ခြင်းမရှိပဲ ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်၊ မုဒိမ်းကျင့်၊ ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူဖျက်ဆီး၊ မီးရှို့နေတဲ့ စစ်တပ်ကို ပြည်သူလူထု တစ်ရပ်လုံးကလည်း အလိုမရှိတော့ ပါဘူး။

 

ဒါကြောင့်လည်း ပြည်သူလူထုတစ်ရပ်လုံးက ဒီဖက်ဆစ်စစ်တပ်ကို အနိုင်ယူဖို့အတွက်က လက်နက် ကိုင် တော်လှန်ရေးမှတပါး အခြားရွေးချယ်စရာမရှိခဲ့ပါဘူး။

 

အခုဆိုရင် ဒီဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲလာခဲ့ကြ တာ ၄ နှစ် ကျော် ၅ နှစ်ထဲရောက်ရှိနေပါပြီ။

 

တော်လှန်ရေးတစ်ကြိမ်ပေါ်တိုင်း ပေးဆပ်လိုက်ရတဲ့ အာဇာနည်သူရဲကောင်းတွေ ထွက်ပေါ်နေတာ ပြီးဆုံးသင့်ပါပြီ။

 

ယနေ့ ကျရောက်သော ၇၈ နှစ်မြောက် အာဇာနည်နေ့မှသည် မြန်မာပြည်မှာ အာဇာနည် သူရဲ ကောင်းတွေ ထပ်မံထွက်ပေါ်မလာဖို့ ဆုတောင်းမိပါတယ်။

 

ခေတ်အဆက်ဆက် ပေးဆပ်စွန့် လွှတ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကိုလည်း ဦးညွှတ် အလေး ပြုပါတယ်။

 

ပြည် သူလူထုအပေါ် ဖိနှိပ်နေတဲ့ ဖက်ဆစ် စစ်တပ်ကို အမြစ်ဖြတ်ပြီး အေးချမ်းသာယာသော ဖက် ဒရယ်ပြည် ထောင်စုကြီး တည်ဆောက်၍ နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Editor Note

Editor Note

လူလှိုင်းလုံးစစ်ဆင်ရေးနှင့် အသေခံ စစ်မှုထမ်း တပ်သား   မိုးထက်ဇော် (ပုံတောင်သား)   အကြမ်းဖက်စစ်ကောင်စီဟာ စစ်တပ်အတွင်း အောက်ခြေစစ်သားရှားပါးလာမှုကို စစ်မှုထမ်း ဥပဒေ အသက်သွင်းကာ လူငယ်တွေကို မတရားဖမ်းဆီးပြီး အတင်းအကြပ်စုဆောင်းလာခဲ့တာ အခုဆိုရင် အပတ်စဉ် ၁၅ အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။   တစ်ပတ်စဉ်လျှင် တပ်သား...