Magway News

Magway News

ထီးလင်းမြို့နယ်တွင် တာဝန်ကျနေသော ဗိုလ်မှူး ထင်လင်းအစား ဗိုလ်မှူးအောင်ကျော်သူကို ပြောင်း လဲ ခန့်အပ်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၈

 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် တာဝန်ကျနေသော ဗိုလ်မှူး ထင်လင်းအစား ဗိုလ်မှူး အောင် ကျော်သူ ကို အပြောင်းလဲခန့်အပ်လိုက်ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ဇူလိုင်လ ၁၅ ရက် ညနေ ၃ နာရီကျော်က ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ တက်လာသော Mi 17 ထောက်ပို့ ရဟတ်ယာဉ် တစ်စီးသည် ထီးလင်းမြို့သို့ ဆင်းသက်ကာ ထီးလင်းမြို့အထိုင်စခန်း၌ တာ ဝန်ကျနေသော ဗိုလ်မှူး ထင်လင်းအစား ဗိုလ်မှူး အောင်ကျော်သူကို အစားထိုးကာ ပြောင်းလဲသွား ခြင်းဖြစ်ကြောင်း၊ ထို့အပြင် စစ်လက်နက်၊ ရိက္ခာများလည်း ဖြည့်တင်းထားခဲ့ကြောင်း သိရသည်။

“ဗိုလ်မှူးထင်လင်းက ထီးလင်းမြို့နယ်မှာ အကြီးဆုံးပေါ့၊ သူရောက်လာတာလည်း သိပ်မကြာသေး ဘူး။ ဧပြီလထဲမှာရောက်လာတာ၊ ဒီအရင်က ဗိုလ်မှူးအဆင့်မရှိဘူး။ ဗိုလ်ကြီး ၄ ဦးပဲရှိတာ၊ ဗိုလ်ကြီး ရဲရင့်အောင်လားမသိဘူး တိုက်ပွဲမှာကျသွားတာ၊ အဲဒါပြီးမှ သူရောက်လာတာ၊ သူလာတုန်းကတော့ မုံရွာ နမခကနေ ရဟတ်ယာဉ်နဲ့ လာတာ၊ အခုအသစ်ရောက်လာတာက ဗိုလ်မှူးအောင်ကျော်သူပေါ့၊” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ပြောကြားသည်။

 

ထီးလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ရှိပြီး ဗိုလ်မှူးအဆင့်သာ အကြီးဆုံး ဖြစ်ကြောင်း၊ ထောက်ပို့ရဟတ်ယာဉ် ပြန်လည်ထွက်ခွာသွားစဉ် ဗိုလ်မှူး ထင်လင်းနှင့်အတူ ဒဏ်ရာရ စစ်သား ၂ ဦးပါ လိုက်ပါသွားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာ အုပ်ချုပ်ရေးမှူးထွန်းသိမ်း ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာ အုပ်ချုပ်ရေးမှူးထွန်းသိမ်း ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၈ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကန်သာယာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းသိန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံ မှ သိရသည်။ စက်တင်ဘာလ ၆ ရက် ည ၇ နာရီ ၃၀ မိနစ်က အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာနေ...