PDF News

PDF News

အညာဒေသတွင် မောင်းပြန်လက်နက် ၁ လက်လျှင် ၃၅ သိန်းဖြင့် ထောက်ပို့နိုင် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၇

 

လက်နက်ဝယ်ယူရေးအတွက် ကုန်ကျစရိမ်များပြားနေသည့် အညာဒေသတွင် လက်နက်တစ်လက် လျှင် ကျပ်ငွေ ၃၅ သိန်းဖြင့် ထောက်ပို့နိုင်ကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲ ပြောကြားသည်။

 

ဇူလိုင်လ ၈ ရက်နေ့က ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ် BT -16 ကို အောင်မြင်စွာထုတ်လုပ်ထားနိုင်ပြီး လက်နက် တစ်လက်လျှင် ငွေကျပ် ၃၅ သိန်းသာ ကုန်ကျကြောင်း ၊ မောင်းပြန်လက်နက် ၁ လက် လျှင် ငွေကျပ် သိန်း ၂၀၀ ကျော်ပေးကာ ဝယ်ယူနေရသည့် အညာဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များအတွက် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

“ဒီသေနတ်တစ်လက်ကို အညာဒေသမှာ ဝယ်မယ်ဆိုရင် သိန်း ၂၀၀ ကျော်ပေးရပါတယ်၊ ဒီ BT -16 ကတော့ ၃၅ သိန်းပဲ ကျင်သင့်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ရာခိုင်နှုန်းအားဖြင့် တွက်လိုက်မယ်ဆိုရင် ၆ လက် ၁ လက်စာလောက်ကျပါတယ်၊ အဲဒီတော့ အညာဒေသမှာ မောင်းပြန်သေနတ်တွေ များများ ကိုင်နိုင်ဖို့ ဒီ BT -16 ကို ပါဝင်ထောက်ပံ့ပေးကြဖို့ မိဘပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် ထောက်ပို့ပဲ လုပ်ရတယ်ဆိုပြီး အားငယ်စရာမလိုဘူး။ ငါကိုယ်တိုင် ထောက်ပို့ထားတဲ့ ဂန်းနဲ့ ကျားမဲ့တွေနဲ့အတူ မြို့သိမ်းတိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်ဆိုတဲ့ ခံစားချက်ရစေချင် ပါတယ်၊ အဲဒါကြောင့် BT- 16 ကို ပါဝင်ထောက်ပံ့ပေးစေချင်ပါတယ်၊ ကျားမဲတွေရဲ့ “ကျားမဲဟိန်းသံ မြို့သို့ညံ” ကမ်ပိန်းမှာလည်း ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲ ပြောကြားသည်။

 

အဆိုပါ လက်နက်ထုတ်လုပ်မှုကို Myingyan Blcak Tiger – MBT တပ်ဖွဲ့နှင့် Rpyal Brother Defence Force – RBDF တပ်ဖွဲ့တို့ ပူးပေါင်းကာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး BT-16 ဟု အမည်ပေး ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းလက်နက်များကို လက်ရှိ ရှေ့တန်းစစ်မြေပြင် တိုက်ပွဲများတွင် အသုံးပြုနေပြီဖြစ်ပြီး ပါဝင် ထောက်ပံ့ပေးထားသည့် အလှူရှင်၏ အမည်ကို ယင်းလက်နက်တွင် ကမ္ဗည်းရေးထိုးပေးကာ တော် လှန်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ထောက်ပို့ပြည်သူများလည်း ပါဝင်နိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်တပ်အတွင်း မူးယစ်ဆေးဝါး တရားဝင်နီးပါး ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်တပ်သားဝန်ခံ

စစ်တပ်အတွင်း မူးယစ်ဆေးဝါး တရားဝင်နီးပါး ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်တပ်သားဝန်ခံ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ရောက်ရှိနေသော စစ်တပ်အတွင်း မူးယစ်ဆေးဝါးတရားဝင် ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်ခဲ့သည့် စစ်မှုထမ်းတပ်သား ကိုအောင်ကျော်က ဝန်ခံထားသည်။ အောက်တိုဘာလ ၁၇ ရက်နေ့က နောင်ချိုမြို့နယ်တွင် တံတားပြင်ဆင်နေသည့် စစ်ကြောင်းထဲမှ စစ် မှု ထမ်းတပ်သား ကိုအောင်ကျော်သည် အစောင့်စစ်သားအလစ်တွင် လက်နက်မဲ့ထွက်ပြေးလာပြီး...