ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် ၄ ဦးအပါအဝင် ၄၀ ဦးခန့်သေဆုံး၊ ရေလွဲကျေးရွာမှ ပြည်သူ့နေအိမ် အလုံး ၄၀ ခန့် ကို စစ်တပ်က မီးရှို့ဖျက်ဆီး
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၇
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်သို့ ဝင်ရောက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ် ၄ ဦးအပါအဝင် စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်း(ရေတာရှည်) စစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၄ ရက်နေ့က ရေတာရှည်မြို့နယ်၊ ကရင်ချောင်း တံတားမှ အင်အားအလုံး အရင်းဖြင့် ရေလွှဲ ကျေးရွာ သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းသည် ပြည်သူ့နေအိမ် အလုံး ၄၀ ခန့်ကို မီးရှို့ ဖျက်ဆီးနေသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ အထိနာ၍ ပြန်လည် ဆုတ်ခွာသွား ကြောင်း သိရသည်။
“စစ်တပ်ကတော့ အဓိကတော့ တောင်ငူအခြေစိုက်နဲ့ ဆွာမြို့ဘက်ကနေ ဖြည့်ထားတဲ့အင်အားနဲ့ ကင်ချောင်းတံတားအတိုင်းတက်လာတာဖြစ်တယ်၊ ရေလွဲကျေးရွာကို အလစ်အငိုက် မီးဝင်ရှို့တာ၊ အဲဒီမှာ ၃၅၀၄ ရဲ့ကာကင်းနဲ့ထိတွေ့မှုဖြစ်တယ်၊ ကာကင်းက ဆုတ်ပေးလိုက်ရတော့ ရန်သူ့တပ်က ရေလွဲကျေးရွာကို ဝင်လို့ရသွားတယ်၊ ဝင်လို့ရသွားမှ ရေလွဲကျေးရွာကို မီးရှို့သွားတာပေါ့၊ နေအိမ် ၄၀ ခန့်မီးရှို့ခံလိုက်ရတယ်။ အဲလိုမီးရှို့ပြီးမှာ ပြန်ဆုတ်သွားတာ၊ အင်အား ၄၀ ခန့်ဆိုတာက ရှေ့ပြေး ကနဦး အင်အားပေါ့၊ ဒါပေမယ့် တကယ်တမ်းသုံးသွားတဲ့အင်အားကတော့ ၂၀၀ လောက်ရှိပြီးတော့ မီးရှို့ဖို့ ရွာထဲဝင်တာက ၄၀ လောက်ပေါ့၊ ရွာကို မီးရှို့ပြီးတော့ ပြန်ဆုတ်သွားတယ်၊ရွာက အိမ်ခြေ မရှိသလောက်ဖြစ်သွားတော့ သူတို့ကို ဝင်လုံးမှာကြောက်လို့ ပြန်ဆုတ်သွားတယ်လို့ သုံးသပ်ရတယ်” အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်း(ရေတာရှည်) စစ်ဆင် ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဇူလိုင်လ ၇ ရက်နေ့တွင် ကရင်ချောင်းကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားသော စစ်တပ် စစ်ကြောင်း သည် အင်အား ထပ်မံဖြည့်တင်းပြီး အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ တော် လှန် ရေး တပ်ဖွဲ့ဝင်များအား ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲတနေလုံးနီးပါး ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ် ၄ ဦးအပါအဝင် စစ်သား ၄၀ ဦး ခန့် ကျဆုံးကာ ၂၀ ဦး ခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲဒီကနေ ၅ ရက် ၆ ရက်နေ့အထိ ရန်သူနဲ့ စစ်ဆိုင်ခဲ့တယ်။ ရန်သူကလည်း အင်အား တောက် လျှောက် ဖြည့်လာခဲ့တယ်၊ ဖြည့်လာခဲ့ပြီးတော့ ကျနော်တို့တွေ နှစ်ဖက်စစ်ဆိုင်ထားတဲ့အနေအထား ကနေ ၇ ရက်နေ့ မနက် ၈နာရီလောက်မှာ ရေလွဲကျေးရွာနဲ့ ပိန္နဲပင်ကျေးရွာဘက်ကို စစ်ကြောင်း ၃ ကြောင်း ဖြန့်ခွဲပြီးတော့ အင်အား ၂၀၀ ကျော်ဖြန့်ပြီးတော့ ဝင်ရောက်လာတယ်၊ အဲဒီမှာ စစ်ကြောင်း ၂ ကြောင်းက ပိန္နဲပင်ကျေးရွာကို တိုက်ရိုက် ထိုးလာလို့ ထိတွေ့တိုက်ပွဲက ၄ နာရီလောက်ဖြစ်ခဲ့တာ၊ အဲဒီမှာ ရန်သူဘက်က လက်နက်ကြီးများစွာ သုံးခဲ့တယ်၊ ဝင်လာတဲ့အခါမှာ ပစ်တိုးတိုးလာခဲ့တဲ့ အချိန်သတ်ကွင်းထဲ ပစ်ခံပြီး ဆွဲခေါ်ခဲ့တာ၊ ၃ ကြိမ်လောက်အထိ ရှေ့တိုးလာအောင် ဝင်ခွင့်ပေးခဲ့ တယ်၊ ပေးခဲ့ပြီးမှ ရင်ခွင်ပိုက် အနေအထားရောက်မှ ကျနော်တို့ ဝင်လုံးပြီး တိုက်ခဲ့တာ၊ ၄ နာရီ အတောအတွင်းမှာ အရာရှိတွေပါ ၄၀ လောက်ကျသွားတော့ လက်နက်နဲ့အတူ အလောင်းတွေပါ ဆွဲထုတ်ပြီး ပြန်ဆုတ်သွားတာ၊ နောက်ရက်မှ နယ်မြေရှင်းလင်းခဲ့တာ” အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်း(ရေတာရှည်) စစ်ဆင်ရေး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများမှာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး သေဆုံးသွားသော စစ်သားများနှင့် ဒဏ်ရာရစစ်သားများကို တောင်သာရွာ အတွင်းမှ တဆင့် အလုံပိတ် ကားဖြင့် တစ်ကြိမ် သယ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီဝန်းကျင်၌လည်း ကား ၂ စီး ဖြင့် ထပ်မံ၍ လာရောက်သယ်ဆောင်သွားကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုများကို နေပြည်တော် တပ်ရင်းများဖြစ်ကြသော တပ်ရင်းအမှတ် (၈၀၁၊ ၈၀၂၊ ၈၀၃၊ ၈၀၄၊ ၈၀၅၊ ၈၀၆၊ ၈၀၇၊ ၈၀၈၊ ၉၀၁) နှင့် တပ်ရင်း (၃၅၀၄) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဖြစ် ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာ နေရာရှိ ဗုံးသီးအကြွင်း အကျန် နှင့် မိုင်းများအား ပြည်သူများထိခိုက်မှု့မရှိစေရန် ပြန်လည်ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပြီး နယ်မြေ များ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆေင်ထားကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media