Tanintharyi News

Tanintharyi News

ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသော စစ်တပ် စစ် ကြောင်းကို ၄ ရက်ကြာ တိုက်ခိုက်မှု ဗိုလ်မှူးဘိုဟိန်းအပါအဝင် ၄ ဦးထက်မနည်းသေဆုံးပြီး ၄ ဦးကို လက်နက်ခဲယမ်း ၁၁ လက်နှင့်အတူ အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၇

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိမ်အောင်မြို့အရှေ့ခြမ်း ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသော စစ်တပ်စစ်ကြောင်းကို ၄ ရက်ကြာ တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ဘိုဟိန်းအပါအဝင် ၄ ဦးထက်မနည်းသေဆုံးပြီး ၄ ဦးကို လက်နက်ခဲယမ်း ၁၁ လက်နှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၁ ၊ ၁၂ ၊ ၁၄ ၊ ၁၅ ရက်နေ့တို့တွင် ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း- မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းရန်စစ်ကြောင်းထိုးလာသော စစ်ကောင် စီ၏ ကမ်းရိုးတန်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ -၂၈၂၊ ခလရ – ၂၇၃ ၊ ခမရ- ၄၀၈ ၊ ခမရ- ၄၀၉၊ ခမရ -၄၁၀ တပ်ရင်းတို့ပါ ပူးပေါင်းစစ်ကြေင်ားကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ ရာ တိုက်ပွဲ ၄ ရက်အတွင်း ၄ ကြိမ် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ဗိုလ်မှူး ဘိုဟိန်းအပါအဝင် ၄ ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီတပ်သား ‌၄ ဦးကို လက်နက်ငယ် ‌၉ လက် ၊ RPG ၁ လက် ၊ ၆၀ မမ ၁ လက်၊ ခဲယမ်းများစွာနှင့် အတူ အရှင်ဖမ်းမိခဲ့ ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ဗျူဟာ ၃၃ ၏ ဒေါနစစ်ကြောင်း -၂ ၊ ဒေါနစစ်ကြောင်း – ၃၊ KNLA တပ်မဟာ-၄ ပူးပေါင်းတပ်များ၊ တပ်မဟာ-၆ တပ်ရင်း ၂၇ ပူးပေါင်းတပ်များ၊ NMSP(AD) R.M.A ၊ မွန်ပြည်‌တော် လှန်ရေးတပ် MSRF ၊ KTLA နှင့် Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း ဖမ်းဆီးရရှိခဲ့သည့် ဒဏ်ရာရရှိနေသော စစ်ကောင်စီတပ်သားများကို ကရင်အမျိုး သားအစည်းအရုံး KNU မှ ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး စစ်သုံ့ပန်း ကျင့်ဝတ်များနှင့်အညီ ထိန်းသိမ်းပေးထားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့် မင်းတက်တောင်ကြား၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုကို အာရက္ခတပ်တော် -AA က တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်မှုထမ်းတပ်သား ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။ ဩဂုတ်လ ၂၂ ရက်နေ့က ကျောက်ဖြူမြို့နယ်၊...