Mon State News

Mon State News

ရေးမြို့နယ်၊ ကွမ်းကျိုက်တပ်စခန်းအနီးရှိ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၆

 

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ အနီး၊ စစ်ကောင်စီလက်အောက်ခံ ကွမ် ကျိုက်တပ်စခန်းအနီးရှိ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။

 

ဇူလိုင်လ ၁၁ ရက် နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ကရေးမြို့နယ်မြောက်ပိုင်း၊ မော့ကနင်ကျေးရွာအနီး၊ ကွမ်းကျိုက်တပ်စခန်းအနီးရှိ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ကာကင်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ  ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တော်လှန် ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအားလုံး တစုံတရာထိခိုက်မှုမရှိပဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင် ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်‌‌ဖက်ဒရယ်ကောင်စီ (MSFC) ​၏ တပ်များဖြစ်သော မွန်ပြည်တော် လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် မဟာမိတ် KNLA တပ်ရင်း ၂၇ ၊ တပ် ခွဲ ၁ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသော စစ်တပ် စစ် ကြောင်းကို ၄ ရက်ကြာ တိုက်ခိုက်မှု ဗိုလ်မှူးဘိုဟိန်းအပါအဝင် ၄ ဦးထက်မနည်းသေဆုံးပြီး ၄ ဦးကို လက်နက်ခဲယမ်း ၁၁ လက်နှင့်အတူ အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၇   တနင်္သာရီတိုင်း၊...