AA News

AA News

အထက်အရာရှိများ၏ နှိပ်စက်ခြင်းခံနေရသော စစ်မှုထမ်းတပ်သားများအနေဖြင့် ဘက်ပြောင်းခိုလှု ကြရန် အာရက္ခတပ်တော် -AA တိုက်တွန်း

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၆

 

အထက်အရာရှိများ၏ နှိပ်စက်ညှင်းပန်းမှုခံနေရသော စစ်မှုထမ်းတပ်သားများအနေဖြင့် ဘက်ပြောင်း ခိုလှုံကြရန် အာရက္ခတပ်တော် -AA က ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် တိုက်တွန်းထားသည်။

 

စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ကာ အတင်းအဓမ္မစစ်သားစုဆောင်းထား မြန်မာပြည်အနှံ အပြားမှ လူငယ်များသည် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်များသို အသီးသီးသို့ ပို့ဆောင်ခြင်းကိုခံရကာ စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းသည့်ကိစ္စရပ် နှင့် စစ်အာဏာရှင် သက်ဆိုး ရှည်ရေးကိစ္စရပ်များတွင် စိတ်သဘော ဆန္ဒမပါဘဲ အစတေးခံ၊ အဖြည့်ခံများအဖြစ် ပါဝင် လျက်ရှိကြောင်း AA က ပြောဆိုထားသည်။

ရှေ့တန်းစစ်မြေပြင်သို့ အတင်းအဓမ္မ ပိုဆောင်ခြင်းခံနေရသော စစ်ကောင်စီ၏ တပ်သားသစ် (သို့မ ဟုတ်) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်ရလျှင်ရသလို၊ အခြေအနေပေး လျှင်ပေး သလို ရှေ့တန်းစစ်မြေပြင်များမှ နီးစပ်ရာ တိုင်းရင်းသားလူမျိုး တော်လှန်ရေးအဖွဲ့အစည်း များထံသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

 

တစ်ပြိုင်နက်တည်းတွင် ဖက်ဆစ်စစ်ကောင်စီသည် မြန်မာပြည်၏ နေရာအနှံတွင် စစ်ရှုံးကာ စခန်း ပေါင်းမြောက်မြားစွာကို လက်လွှတ်ဆုံးရှုံးထားရပြီးနောက် အဆိုပါစခန်း၊ မြို့များကို ပြန်လည်သိမ်း ပိုက်ရယူရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။ သိုသော်လည်း ယခင်နှစ်များ၌နည်းတူ နေရာ အများစုတွင် အထိအခိုက် အကျအဆုံးများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ လက်ပူတိုက် သင်တန်းပေး ထားသော တပ်ဖွဲ့ဝင်များမှာလည်း အထက်တပ်မှူးများ၏ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှု တို့ကြောင့် တိုက်လိုခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ ထွက်ပြေးရန် ကြိုးစားလျက်ရှိသည်ဟု ဆို သည်။

 

ထိုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ထံတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုခံရပြီး အမျိုး မျိုး ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေရသော မြန်မာပြည်အနှံမှ လူငယ်များအနေဖြင့် အာရက္ခတပ်တော် ထံသို့ ဘက်ပြောင်းလိုပါက မည်သည့်နေရာတွင်မဆို အချိန်မရွေး ဘက်ပြောင်းလာနိုင်ကြောင်း၊ အလင်းဝင် ဘက်ပြောင်းလာသူတိုင်း၏ အသက် နှင့် လုံခြုံမှုရရှိစေရေးကို အာမခံကြောင်း အာရက္ခ တပ်တော်က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

ဖားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်၊ ဖားအံမြို့ နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အ သက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၇ ဦး...