Mandalay News

Mandalay News

သပိတ်ကျင်းမြို့နယ်တွင်စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၅

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးသေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၄ ရက် ညနေ ၅ နာရီ ၅ မိနစ်က သပိတ်ကျင်းမြို့နယ်၊ ဖော့တော့လမ်းခွဲနေရာ အနီးကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော K-8 W အမျိုးအစား ဂျက် ဖိုက်တာတစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အလားတူ ညနေ ၅ နာရီ ၁၈ မိနစ်တွင် သပိတ်ကျင်းမြို့နယ်၊ ပိုးဇာရွာ ချပ်စ် ကျောင်းအနီး နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး ထပ်မံကျဲချ ခဲ့ရာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦး သေဆုံးပြီး အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦး နှင့် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဖော့တောလမ်းခွဲမှာက ထိခိုက်မှုမရှိဘူး။ ပိုးဇာရွာမှာက ကလေးငယ် ၄ ယောက်သေတယ်၊ ၂ ယောက် ဒဏ်ရာရတယ်။ ပေါင် ၅၀၀ ဗုံးကျဲချတာ၊ နေအိမ် ၁ လုံးမီးလောင်ပြာကျသွားတယ်၊ နေအိမ် ၄ လုံးနဲ့ ကား ၂ စီးပျက်စီးတယ်၊” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာတွင်နေထိုင် ကြရန် ၊ လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြရန် တိုက် တွန်း နှိုးဆော်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Kachin State News

Kachin State News

ကချင်ပြည်နယ်စစ်ဆင်ရေးများတွင် ဗမာ့တပ်တော်ကပါဝင်တိုက်ခိုက်မှုမှတ်တမ်းများ ဗမာ့တပ်တော် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၇   ကချင်ပြည်နယ်အတွင်းရှိ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများတွင် ဗမာ့တပ်တော်မှ ရဲဘော်များ ပါဝင် တိုက်ခိုက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ထားသည်။   ၂၀၂၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် စတင်ခဲ့သော...