Editor Note

Editor Note

လူလှိုင်းလုံးစစ်ဆင်ရေးနှင့် အသေခံ စစ်မှုထမ်း တပ်သား

 

မိုးထက်ဇော် (ပုံတောင်သား)

 

အကြမ်းဖက်စစ်ကောင်စီဟာ စစ်တပ်အတွင်း အောက်ခြေစစ်သားရှားပါးလာမှုကို စစ်မှုထမ်း ဥပဒေ အသက်သွင်းကာ လူငယ်တွေကို မတရားဖမ်းဆီးပြီး အတင်းအကြပ်စုဆောင်းလာခဲ့တာ အခုဆိုရင် အပတ်စဉ် ၁၅ အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

 

တစ်ပတ်စဉ်လျှင် တပ်သား ၅၀၀၀ နှုန်းနဲ့စုဆောင်းလာခဲ့တာ အခုဆိုရင်လူငယ် ၇ သောင်း ၅ ထောင် လောက် အတင်းအဓမ္မ အသေခံ စစ်မှုထမ်းအဖြစ် ရှေ့တန်းစစ်မျက်နှာတွေမှာ ရောက်ရှိနေပါပြီ။

 

သေဆုံးသွားတဲ့သူတွေလည်း အရေအတွက်မြောက်အများရှိသလို တချို့လည်း ရုန်းထွက်လွတ် မြောက်သွားကြသူတွေလည်း ရှိပါတယ်။

 

လူသားလှိုင်းလုံး၊ လူသားတံတိုင်းစစ်ဆင်ရေးအဖြစ် ဖော်ဆောင်ဖို့ စစ်ခေါင်းဆောင်ထိပ်ပိုင်းခေါင်း ဆောင်တွေက အကွက်ကျကျ စီမံခဲ့တာပါ၊ ဒီစစ်ဆင်ရေးလုပ်ဆောင်နေတာကို အစပိုင်းမှာ မသိသာ ပေမယ့် အခုနောက်ပိုင်း ပိုမိုသိသာလာပါပြီ။ နောင်ချိုမြို့နယ်တိုက်ပွဲ၊ မိုးဗြဲမြို့သိမ်းပြီး မိုးဗြဲ- လွိုင် ကော် လမ်းမကြီး တိုက်ပွဲတွေက သက်သေပါပဲ။

အခုဆိုရင် ဒီလူသားလှိုင်းလုံး၊ လူသားတံတိုင်းစစ်ဆင်ရေးနဲ့ပဲ နောင်ချိုမြို့ထဲအထိ စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်နေပြီလို့ သိရပါတယ်။

 

“စစ်မှုထမ်းတပ်သားတွေကို ဆေးကျွေးပြီး နောက်ကနေ အမိန့်ပေး ထိုးခိုင်းတာ၊ အစုလိုက်တက် အစုလိုက်အပြုံလိုက်သေ၊ အဲဒီအလောင်းတွေကို ကျော်ခွပြီးနောက်ထပ် တက်ထိုးတာမျိုး အမြဲကြုံရ တယ်။လူသားဒိုင်းလည်းဟုတ်တယ်၊ အသေခံတပ်သားလည်း ဟုတ်တယ်၊ ဒီလိုအနီးထိုးတက်လာ တော့ အနီးကပ်ဆော်နေရတာ၊ တကယ်လူစိတ်ပျောက်အောင်လုပ်ထားတာ” ဟု ဓနုပြည်သူ့လွတ် မြောက်ရေးတပ်မတော် – DPLA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒီလိုမျိုးထိုးစစ်ဆင်ဖို့အတွက် စစ်မှုထမ်းတပ်သားတွေကို အရာရှိတွေက မူးယစ်ဆေးဝါးကျွေးထား တာ၊ ဖုန်းသုံးခွင့်ပိတ်ပင်တာ၊ မိသားစုနဲ့အဆက်အသွယ်ဖြတ်ထားတာ၊ ထွက်ပြေးရင် ပစ်သတ်တာ တွေပါ လုပ်ဆောင်လျက်ရှိပါတယ်။

 

ဒီလိုလူသားလှိုင်းလုံး၊ လူသားတံတိုင်းစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်နေတာဖြစ်တဲ့အတွက် လူငယ်တွေ အနေနဲ့ သတိထားကြရပါ့မယ်။

 

နိုင်ငံရေး ငါနဲ့မဆိုင်ဘူး။ ငါ့လုပ်မှငါစားရတာ၊ အမေ့ကို ငဲ့ရလို့၊ အဖကို ငဲ့ရလို့၊ မိသားစုကို ငဲ့ရလို့ဆိုပြီး ငြိမ်ခံနေမယ်ဆိုရင်တော့ လူသားလှိုင်လုံး၊ လူသားတံတိုင်း အဖြစ် အသုံးချခံရပြီး စစ်အာဏာရှင်တွေ အတွက် အသက်ပေးရကြရအုံးမှာပါ။

 

မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်လူတစ်စုဟာ အာဏာရူးပြီး မတရားအာဏာသိမ်းလိုက်ခဲ့တာဖြစ် လို့ ဘယ်သူသေသေ ဂရုမစိုက်ပါ။ မြန်မာပြည်သူလူငယ်ထုသာ ကုန်သွားမယ် သူတို့က စင်ပေါ် မျောက်လို့ ကမြဲက၊ ဆော့မြဲဆော့နေအုံးမှာပါပဲ။

 

ဒီလူသားလှိုင်းလုံး၊ လူသားတံတိုင်းစစ်ဆင်ရေးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ မြို့ရွာ ပြန်လည်ရရှိရေး မင်းအောင်လှိုင်နဲ့ စစ်အုပ်က ကြိုးစားနေခြင်းဖြစ်ပါတယ်။

 

အခုချိန်အထိ စစ်ခေါင်းဆောင်လူတစ်စုရဲ့ အသိုင်းအဝိုင်းထဲက သားသမီး၊ တစ်ယောက်မှ စစ်မှုထမ်း ထဲ မပါသေးပါဘူး။ နောက်ဆုံး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး သားသမီးတောင် မပါသေး ပါဘူး။

 

စစ်ခေါင်းဆောင်နဲ့လူတစ်စုဟာ သူတို့အာဏာတည်မြဲရေးအတွက် လူငယ်ထုအချင်းချင်းပြန်သတ်၊ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေဘဝကို ဖျက်ဆီးတဲ့နည်းနဲ့ အာဏာတည်ဆောက်နေတာဖြစ်ပါ တယ်။

ဒီလူသားလှိုင်းလုံး၊ လူသားတံတိုင်းစစ်ဆင်ရေးနဲ့အခုဆိုရင် ကရင်နီပြည်၊ မိုးဗြဲမြို့၊ မိုးဗြဲ- လွိုင်ကော် လမ်းလည်း ပြန်လည်ထိန်းချုပ်သွားပါပြီ။

 

“စခတွေဘက်အင်အားက အရမ်းများတယ်၊ အလုံးအရင်းနဲ့ ထိုးတာ၊ လက်နက်ကြီးပစ်ကူက တနေ ကုန်မရပ်နားဘူး။ ဒရုန်းနဲ့လည်းချတယ်။ လေယာဉ်နဲ့ချတယ်။ မြေပြင်ကလည်းအလုံးအရင်းနဲ့ ထိုးတော့ မတောင့်ခံနိုင်တော့ဘူးဗျ၊ အသေခံတက်ကြတာ” ဟု ကရင်နီပြည်ရှေ့တန်းတနေရာ ရောက် KNDF ရဲဘော်တစ်ဦးက ရှင်းပြပါတယ်။

 

နောက်ပိုင်းတွေမှာ အခုထက်ပိုဆိုးတဲ့ ရက်စက်မှုတွေနဲ့ ပြည်သူအချင်းချင်း သတ်တဲ့ပွဲဖြစ်တဲ့အထိ စစ် အာဏာရှင်တွေက ဖျက်ဆီးပစ်နိုင်တာမို့ ဒီစစ်မှုထမ်း ဥပဒေကို ဆန့်ကျင်သလို လူငယ်ထုအနေနဲ့ လည်း နိုင်ငံရေးအသိနိုးထကြဖို့နဲ့ တော်လှန်ရေးဘက်မှာ ပူးပေါင်းကာ တော်လှန်ပုန်ကန်ကြဖို့ တိုက် တွန်းလိုပါတယ်။

 

မိဘပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေကို ငြိမ်ခံမနေကြတော့ပဲ လှည်း နေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ထကြွပုန်ကန်ကြမှ တော်လှန်ရေးမြန်မြန်အဆုံးသတ်နိုင်မှာဖြစ် တဲ့အကြောင်း အချက်ပေးခေါင်းလောင်းသံက ထိုးနေပါပြီ။

 

နားမကြားချင်ယောင် မဆောင်တော့ပဲ တော်လှန် ရေးမှာ ကျရာနေရာကနေ တတ်နိုင်တဲ့ခွန်အား၊ ငွေအား၊ လုပ်အားနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။

 

ငြိမ်ခံနေကြမယ်ဆိုရင်တော့ ပင့်ကူမျှင်တောင် ရုန်းထွက်နိုင်မှာမဟုတ်သလို ရုန်းထွက်မယ်ဆိုရင် တော့ သံကြိုးကိုတောင် ဖြတ်တောက်တယ်ဆိုတဲ့ အသိနဲ့ ခေါင်းငုံမခံပဲ တုန့်ပြန်ကြဖို့လိုအပ်ပါပြီ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Story News

Story News

စစ်ကောင်စီကို အမြစ်ဖြတ်ဖို့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းညီညွတ်ကြဖို့လိုအပ်နေ   မိုးထက်ဇော် (ပုံတောင်သား)   အခုဆိုရင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အားသာချက်က လေကြောင်းပဲ ရှိပါ တော့တယ်။   မြေပြင်မှာ ထိုးစစ်ကနေ့ နေရာတိုင်းက ပိတ်ဆို့တိုက်ခိုက်ချေမှုန်းနိုင်ပြီဖြစ်လို့ ပြည်သူအထိ အခိုက် အနည်းဆုံးနဲ့ အမြန်ဆုံးအောင်မြင်ဖို့အတွက် ဖက်ဆစ်စစ်တပ်ကို...