Karenni State News

Karenni State News

ဖားဆောင်းမြို့ရှိ လက်ကျန် ခလရ ၁၃၅ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက် သေဆုံးမှုရှိပြီး ၂ ဦးထက်မနည်းအရှင်မိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၄

 

ကရင်နီပြည်၊ ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ လက်ကျန် ခလရ ၁၃၅ တပ်ရင်းကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိပြီး ၂ ဦးထက်မနည်း အရှင်ဖမ်းမိခဲ့ကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၇ ရက်နေ့က ဖားဆောင်းမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ ၁၃၅ တပ်ရင်ကို အလယ်ပိုင်း တိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများနှင့်အတူ ‌တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ အလားတူ အခြားမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဘက်မှလည်း ဖမ်းဆီးရရှိမှုများရှိကြောင်း သိရသည်။

“ဖမ်းမိတာ ၇ နေ့က တိုက်ပွဲပါ၊ ကျနော်တို့က မဟာမိတ်တွေနဲ့ပေါင်းပြီး တိုက်တာပါ၊ ကျနော်တို့က တော့ ၂ ယောက်ပဲ မိပါတယ်၊ တခြားအဖွဲ့တွေလည်း သူတို့မိတာတွေကို သူတို့ ထုတ်ပြန်ပါ့မယ်။ တိုက်တဲ့အဖွဲ့တွေကတော့များတယ်၊ ဘယ်ပေါင်းစုံကနေ စစ်ကြောင်းခြွ တိုက်တာဆိုတော့ မိတာ တွေကို KNDF တို့ကလည်း တင်ပါတယ်။ စုစုပေါင်းဘယ်နှစ်ယောက်ဆိုတော့ မရေတွက်မိဘူး” ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သို့ ပြောကြားသည်။

 

ဖားဆောင်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ ၊ ၁၃၅ စခန်းသိမ်းတိုက်ပွဲများအတွင်း အ လယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ရဲဘော် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူ လျက်ရှိကြောင်း၊ အလားတူ အခြား ညီနောင် မဟာမိတ် တပ်ပေါင်းစုများ ဘက်မှလည်း ကျဆုံး ရဲဘော်များရှိကြောင်း သိရသည်။

 

“လက်ရှိကတော့ ဆိုင်ထားတုန်းပဲ၊ ဇွန်လ ၂၅ ရက်နေ့ကနေ ဆက်တိုက်၊ စတိုက်ကြတာပါ၊ တိုက်ပွဲ ကနားလိုက်ဖြစ်လိုက်ပါပဲ၊ မိဘပြည်သူတွေအနေနဲ့ လုံလုံခြုံခြုံ ဂရုစိုက်နေပေးကြပါ၊ ရန်သူက ရန်သူ ပီသတယ်၊ ဘာမှ မကြည့်ဘူး။ ပြည်သူလည်း နားမလည်ဘူး။ ဒါ့ကြောင့် ဂရုစိုက်ကြပါလို့ တိုက်တွန်း ချင်ပါတယ်” ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

အလယ်ပိုင်း တိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့သည် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ် စစ်ဒေသများတွင် ဒေသခံညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ရေးပူးပေါင်း လုပ်ဆောင်လျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျရှုံးသည် အထိ ဆက်လက်တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...