Kawkareik News

Kawkareik News

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေ၌ အောင်ဇေယျစစ်ကြောင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦး‌ သေဆုံး

 

D Day News

မေလ ၆

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေ၌ အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန် ထားသည်။

 

မေလ ၃ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ နိုင်ငံတော်အဆင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်း အောင်ဇေယျစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော တပ်ရင်းမှုးများ၊ တင့်ကားများနှင့် စစ်ကောင်၏ လက်အောက်ငယ်သားများမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်းတို့အပါအဝင် အာဏာရှင်လူတစ်စုက ထိုးကျွေးနေခြင်းဖြစ်ပြီး  ဒေါနတောင်သို့ ချီတက်ရာလမ်းတစ်လျှောက်တွင် အများအပြား သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအနေဖြင့် အာဏာရှင်လူတစ်စု၏ ထိုးကျွေးခံ စစ်သား များ ကို အစွမ်းကုန် ခုခံတော်လှန် တိုက်ခိုက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ဘေးအန္တာရာယ် ကင်း ရှင်း ရာအရပ်တွင် သတိပြုနေထိုင်ပေးကြပါရန် ကျားဖြူစစ်ကြောင်းက အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...