လောင်းလုံးမြို့နယ်၊ နတ်အိမ်တောင်နှင့် အမြောက်ကုန်းလှုပ်ရှားတပ်ခွဲမှ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော် အောင် KNLA တပ်ရင်း ၁၀ ထံအလင်းဝင်
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၄
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ နတ်အိမ်တောင်နှင့် အမြောက်ကုန်းလှုပ်ရှားတပ်ခွဲမှ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်သည် KNLA တပ်ရင်း ၁၀ ထံအလင်းဝင်ခဲ့ကြောင်း KNU မြိတ် -ထားဝယ် ခရိုင်သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့က လောင်းလုံးမြို့နယ်၊ နတ်အိမ်ထောင်နှင့် အမြောက်ကုန်းလှုပ်ရှား တပ်ခွဲမှ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်သည် စစ်ကောင်စီ၏ လက်ရှိကျင့်သုံးနေသော စနစ်နှင့် ဆောင်ရွက်နေသည့် နည်းလမ်းများကို လက်မခံနိုင်တော့သဖြင့် ဇူလိုင်လ ၁၀ ရက်နေ့က အလင်းဝင် ခဲ့သူ ဗိုလ်ကြီးမျိုးဆွေဦး (ခ) စောမိုးဇက်နှင့်ချိတ်ဆက်ကာ KNLA တပ်မဟာ-၄၊ တပ်ရင်း ၁ဝ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
“သူက အလင်းဝင်လာတာ တစ်ယောက်တည်းပါပဲ၊ ဒါပေမယ့် သူက တပ်ခွဲမှူးအဆင့်၊ နတ်အိမ် တောင် စခန်းမှာ လှုပ်ရှားတပ်ခွဲ တပ်ခွဲမှူးပေါ့၊ လက်နက်မပါလာဘူး။ လောလောဆယ်မှာတော့ သူက KNLA တပ်မဟာ ၄ တပ်ရင်း ၁၀ တပ်ရင်းမှူးနဲ့အတူတူနေတယ်၊” ဟု KNU မြိတ် -ထားဝယ် ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောကြားသည်။
အလင်းဝင်ရောက်ခဲ့သူ ဗိုလ်ကြီးဇော်ဇော်အောင်သည် DSA အပတ်စဉ် ၅၂ သင်တန်းဆင်းဖြစ်ပြီး လက်ရှိတွင် ခလရ ၁၀၄ လက်အောက်ခံ လောင်းလုံးမြို့နယ် နတ်အိမ်တောင် နှင့် အမြှောက်ကုန်း လှုပ် ရှားတပ်ခွဲ၌ တပ်ခွဲမှူးအဖြစ် တာဝန်ယူထားသူဖြစ်ကြောင်း၊ ထိုသို့ ပြောင်းခိုလှုံလာခြင်းအပေါ် KNLA တပ်မဟာ ၄ မှ ဝမ်းမြောက်ဂုဏ်ယူခြင်းနှင့်အတူ လှိုက်လှဲနွေး ထွေး စွာ ကြိုဆိုပါကြောင်း အသိပေးထားသည်။
“နောက်ထပ်အလင်းဝင်လာမယ့် စကစတပ်သားတွေကို တိုက်တွန်းချင်တာက စကစက စစ်အာဏာ ရှင်ဖြစ်တယ်၊ တပ်မတော်က ပြည်သူ့တပ်မတော်၊ နိုင်ငံတော် တပ်မတော် အစစ်အမှန်မဟုတ်ဘူး။ ဒါ့ ကြောင့် ဒီစစ်အာဏာရှင် စနစ်ကို ကျဆုံးအောင် နိုင်ငံတော်ကိုချစ်တဲ့ တပ်မတော်သားတွေ၊ တပ်မ တော်ခေါင်းဆောင်တွေအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုခုတော့ ဆုံးဖြတ်ရမှာ၊ ပြည်သူလူထုဘက်နဲ့ အမှန် တရားဘက်က ရပ်တည်မှ ဒီစစ်အုပ်စုက မြန်မာဆန်ဆန် ပြိုကွဲနိုင်မှာဖြစ်တယ်၊ သူတို့ရဲ့ပေးဆပ်မှု တွေ၊ အသက်တွေက နိုင်ငံတော်အတွက်မဟုတ်ပဲနဲ့ ဒီစစ်အုပ်စုခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကိုပဲ ဖြစ်မယ်၊ တိုင်းရင်းသားပြည်သူလူထုကို ကိုယ်ချင်းစာပြီးတော့ အမှန်တရားဘက်ကို ရပ်တည်ပေးပါ၊ ပြည်သူလူထုနဲ့နိုင်ငံကိုချစ်တယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူလူထုဘက်ကို ပူးပေါင်းပါဝင် ပေးပါ။” ဟု KNU မြိတ် -ထားဝယ် ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက တိုက်တွန်း ပြောကြားသည်။
Thanlwin Myanmar Media