Karen State News

Karen State News

ထိုင်း – မြန်မာနယ်စပ်ရှိ ဝေါလေဗျူဟာစခန်း၏ လက်နက်တိုက်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုလက် နက်တိုက်မီးလောင် ပျက်စီး (ရုပ်သံ)

 

  • KNU တပ်မဟာ အသီးသီးရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၄

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ်ရှိ ဝေါလေဗျူဟာစခန်း၏ လက်နက်တိုက်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့ရာ လက်နက်တိုက်မီးလောင် ပျက်စီးသွားကြောင်း Force for Federal Democracy – FFD တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မြဝတီမြို့နယ်၊ ထိုင်း -မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ဝေါလေဗျူဟာ စခန်းအတွင်းမှ လက်နက်ခဲယမ်းတိုက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ လက်နက်တိုက်အတွင်းရှိ လက်နက်ခဲယမ်းများ၏ ထပ်ဆင့်ပေါက်ကွဲမှုကြောင့် ကြီးမား သော ပေါက်ကွဲမှု နှင့်အတူ မီးလောင် ပျက်စီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်နက်တိုက်ကို တိုက်ခိုက်တဲ့အချိန်မှာ လက်နက်တိုက်ထဲမှာက ခဲယမ်းတွေရှိလို့ ပေါက်ကွဲအား ပြင်းထန်သွားတာပါ၊ ရန်သူ့လက်နက်တိုက်ကတော့ အပြီးပျက်စီးသွားတာဖြစ်ပါတယ်၊” ဟု Force for Federal Democracy – FFD တပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးကပြောကြားသည်။

 

မတ်လခန့်မှစ၍ KNU/KNLA တပ်ဖွဲ့၏ စစ်ရေးဦးဆောင်မှုနှင့်အတူ Force for Federal Democracy – FFD တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များပူးပေါင်းကာ တောင်းပိုင်းစစ်မျက်နှာတစ်လုံးရှိ အ ကြမ်းဖက်စစ်ကောင် စီ တပ်စခန်းမျးအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း များ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်း၊ ဇွန်လ ၃ ရက်နေ့တွင် သေ့ဘောဘိုးစခန်း၊ ဇွန်လ ၂၂ ရက်နေ့တွင် ထီးကပလယ်စခန်း၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဥကရစ်ထစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်းသိရသည်။

 

“ဝေါလေစခန်းကို KNU ၊ KNLA စစ်ရေးဦးဆောင်မှုနဲ့အတူ ကျနော်တို့မဟာမိတ်ပူးပေါင်းတပ်တွေ ရယ်၊ ကျနော်တို့ FFD တပ်ဖွဲ့ရယ် ပူးပေါင်းပြီးတော့ တိုက်ခိုက်နေတာဖြစ်ပါတယ်၊ တပ်မဟာ ၆ ထဲမှာ သာမက KNLA တောင်းပိုင်းတိုင်း စစ်မျက်နှာအကုန်လုံး နီးပါးမှာ စစ်ရေးဖော်ဆောင်မှုတွေတောက် လျှောက် လုပ်ဆောင်နေပြီးတော့ အကြမ်းဖက်စစ်ကောင်စီုရဲ့နယ်မြေတွေကိုတောက်လျှောက် ထိုး စစ်ဆင်မှုများစွာပြုလုပ်လျက်ရှိပါတယ်။ ကျနော်တို့ ဥကရစ်ထနဲ့ ဝေါလေ စခန်းတွေကတော့ စစ်ရေး ဖော်ဆောင်မှုတပြိုင်နက်တည်းလုပ် ဆောင်နေတာ ဖြစ်ပါတယ်၊ တကယ်တော့ ဒီစခန်း ၂ ခုတည်း တင် မဟုတ်ပါဘူး။ တပ်မဟာ အသီးသီး မှာ စစ်ရေး ဖော်ဆောင်မှုတွေကို တပြိုင်နက်တည်း ပြုလုပ် ပြီးတော့ တိုက်ခိုက်နေတာရှိပါတယ်” ဟု Force for Federal Democracy – FFD တပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ပြောဆိုသည်။

 

ဇူလိုင်လ ၁၂ ရက်နေ့ တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ် ထ စစ် ကောင်စီ စခန်းကို KNLA၊ PDF ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့များ၊ VENOM စစ်ကြောင်း ၊ပူး ပေါင်း တပ်ဖွဲ့များ နှင့်အတူ Cobra Column စစ်ကြောင်း ၁ ၊ တပ်ခွဲ ၂(PKYY) တို့က တိုက်ခိုက်ရာ စစ်သား ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးပြီး စခန်းသိမ်းပိုက်ရရှိခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲတွင် ၆၀ မမ အပါအဝင် လက်နက်ကြီးများနှင့် အခြား လက်နက်ခဲယမ်း အများအပြားအား သိမ်းဆည်းရရှိခဲ့ ကြောင်း သိရှိရသည်။

 

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးတွင် ဝေါ်လေဗျူဟာကုန်းနှင့် တီသဲလယ် စစ်တပ်စခန်း ၂ ခုသာ ကျန်ရှိ တော့ပြီး မြေပြင်စစ်ကူပေးပို့နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ဆိပ်ဖြူမြို့နယ်တွင် စစ်တပ် စစ်ယာဉ်တန်းနှင့် တညောင်ဓာတ်အားခွဲရုံရှိ စစ်သားများကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၄   မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် တညောင်ဓာတ်အားခွဲရုံရှိ စစ်သားများကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း...