TNLA News

TNLA News

ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက် မှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး၊ လက်ဖက်ခြောက်စက်ရုံ ၁ ရုံ၊ ကား ၃ စီးနှင့် ဆိုင်ကယ် ၅ စီးပျက်စီး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၃

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာကို အ ကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် ၂ လုံး၊ လက်ဖက်ခြောက်စက်ရုံ ၁ ရုံ၊ ကား ၃ စီးနှင့် ဆိုင်ကယ် ၅ စီး ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက် ၆ နာရီကျော်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့ နယ်၊ ပိန္နဲကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံးနှင့် အ.မ.က (၁၃) စာသင် ကျောင်းတွင် ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် (၆၀) နှစ်အရွယ် အမျိုးသမီး (၁) ဦး ထိခိုက် ဒဏ်ရာ ရရှိကာ နေအိမ် (၂) အိမ်၊ ဇလပ်ဝါအချိုခြောက်စက်ရုံ ၊ ကား (၃) စီး နှင့် ဆိုင်ကယ် (၅) စီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့လည်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား (၁)ဦး သေဆုံးခဲ့ပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ် (၄)အိမ်လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင်လ (၁၂)ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ကျောက်မဲ မြို့ကို (၅) ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို (၁)ကြိမ်၊ မိုးကုတ်မြို့ကို (၁)ကြိမ်နှင့် သီပေါ မြို့ကို (၁)ကြိမ် စုစုပေါင်း (၇)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် ပြည်သူ (၇)ဦး သေဆုံးခဲ့ရပြီး ကလေးငယ် (၂)ဦးနှင့် ပြည်သူလူထု (၃၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၄) အိမ်၊ စာသင်ကျောင်း(၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်းတို့ ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

ဖားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်၊ ဖားအံမြို့ နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အ သက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၇ ဦး...