Political News

Political News

အာဏာရှင်စနစ်ကို အမြစ်ဖြတ်၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု တအာင်း(ပလောင်) အမျိုးသားပါတီထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၃

 

အာဏာရှင်စနစ်ကို အမြစ်ဖြတ်၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ပြည်သူလူထုတစ်ရပ် လုံး နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု တအာင်း(ပလောင်) အမျိုးသားပါတီက ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။

 

ဇွန်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ တအာင်းပြည်လွတ်မြောက်တနေရာတွင် ကျင်းပခဲ့သည့် တအာင်း(ပလောင်)အမျိုးသားပါတီ (၆) လပတ် ဗဟိုကော် မတီ မျက်နှာစုံညီအစည်းအဝေးဆုံးဖြတ် ချက်များကို ထုတ်ပြန်ရာတွင် ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ကျင်းပခဲ့သော ဟန်ပြငြိမ်းချမ်းရေးဖိုရမ် (Peace Forum) သည် မြန်မာပြည်၏ ပဋိပက္ခကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ကြောင်း၊ စစ်ကောင်စီမှ အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ဖန်တီးပြုလုပ်ခြင်းသည် တနည်းအား ဖြင့် နိုင်ငံတော်၏ အချုပ် အခြာ အာဏာကို မတရားရယူရန် ကြိုးစားခြင်းသာ ဖြစ်သောကြောင့် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် စစ်ကောင်စီ၏ လူသားမဆန်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုများ၊ အကြမ်းဖက်လုပ်ရပ်တို့ကို ကန့်ကွက်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထို ကျူးလွန်မှုများအပေါ် အမြန်ဆုံးတားဆီးအရေးယူနိုင်ရန် ဆက်လက်တိုက်တွန်းထားသည်။

 

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC မှ တအာင်းပြည်ကောင်စီ-TLC ပြောင်းလဲဖွဲ့ စည်း ခြင်း အပေါ် ကြိုဆိုထောက်ခံပြီး တအာင်းပြည်ကောင်စီ – TLC မှ ဦးဆောင်အကောင်အထည်ဖော် မည့် “တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ”တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

 

တအာင်း(ပလောင်)အမျိုးသားပါတီအနေဖြင့် ဘုံရန်သူဖြစ်သည့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်၍ မြန်မာ ပြည်တော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ပြည်သူလူထုတစ်ရပ်လုံး နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ဇွန်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ တအာင်းပြည်လွတ်မြောက်တနေရာတွင် ကျင်းပခဲ့သည့် တအာင်း (ပလောင်)အမျိုးသားပါတီ (၆) လပတ် ဗဟိုကော် မတီမျက်နှာစုံညီအစည်းအဝေးကို ပါတီ ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် လေ့လာ သူများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ယင်း (၆) လပတ်အစည်းအဝေးတွင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ ပါတီ လက်ဆွဲတို့ကို သုံးသပ် ပြင်ဆင်ဖြည့်စွက်ခဲ့ကြသည့်အပြင် အတည်ပြုချက်များ၊ မှတ်တမ်းတင်ခြင်းများ နှင့် ရှေ့လုပ် ငန်းစဉ် အ သီးသီး တို့ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ရိုဟင်ဂျာ အပါအဝင် ပြည်သူတရပ်လုံး လူ့အခွင့်အရေး၊ တရားမျှတရေး ရရှိမည် ဖြစ်ကြောင်း NUG ပြောဆို

အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ရိုဟင်ဂျာ အပါအဝင် ပြည်သူတရပ်လုံး လူ့အခွင့်အရေး၊ တရားမျှတရေး ရရှိမည် ဖြစ်ကြောင်း NUG ပြောဆို

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ ရိုဟင်ဂျာအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး လူ့အခွင့်အရေး၊ တရားမျှတရေး ရရှိမည်ဖြစ်ကြောင်း NUG အစိုးရက ထုတ်ပြန်ပြောဆိုသည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျရောက်သော "ရိုဟင်ဂျာပြည်သူများ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ခံခဲ့ရမှု အဋ္ဌမမြောက်နှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောဆို ထားခြင်းဖြစ်သည်။ ၂၀၁၇...