ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် အားနည်းချက်များရှိခဲ့ဟု NUG၊ ဒုနိုင်ငံရေးခြားရေးဝန်ကြီး ဝေဖန် (ရုပ်သံ)
D Day News
မေလ ၅
ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် အားနည်းချက်များရှိခဲ့ကြောင်း NUG ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ဝေဖန် ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှ (၉) ရက်နေ့အတွင်း (၅) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
https://youtu.be/KtojOnp4OeA
“ပြည်သူ့ညီလာခံရဲ့အားနည်းချက်လို့ပဲ ပြောရမလား။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ ပြည်သူ့ညီလာခံကျင်းပရေးကော်မတီကတော့ အများကြီးကြိုးစားခဲ့တာရှိပါတယ်။ ဒါကိုလည်း အသိအမှတ်ပြုတယ်။ သို့သော်လည်း မမျှော်လင့်တဲ့အားနည်းချက်တွေဖြစ်ပေါလာတဲ့အခါမှာ အထူးသဖြင့် လုပ်ထုံးလုပ်နည်းနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေ ဒါလေးတွေနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ စနစ်တကျဆောင်ရွက်ခဲ့မယ်ဆိုရင်တော့ ညီလာခံဟာ ပိုပြီးတော့ ရလဒ်ကောင်းတွေထွက်နိုင်တာတပေါ့။ ပိုပြီးတော့ ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေတွေ ရှာနိုင်မယ်လို့ ယူဆတဲ့အတွက်ကြောင့် နောက်နေ့ ဖိတ်တဲ့အခါကျတော့ နောက်နေ့မှာ လုပ်ထုံး လုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆွေးနွေးရအောင်ဆိုပြီး အဆိုပြုခဲ့ပါတယ်။ အဲလိုလုပ်နိုင် ရင်တော့ ပိုပြီးတော့ အကျိုးရှိတာပေါ့။ “ ဟု NUG ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောကြား သည်။
အစီအစဉ်အရကျင်းပခဲ့သည့် ၃ ရက်အတွင်း NUG အစိုးရအနေဖြင့် တင်ပြစရာရှိသည်များကို တင်ပြီး မေးမြန်းသည့်မေးခွန်းများကိုလည်း ဖြေကြားခဲ့ပြီးဖြစ်သဖြင့် ထပ်တိုးဖိတ်ကြားချက်အပေါ် တက် ရောက်ရန်အခက်အခဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“နောက်ပြီးတော့ ဆွေးနွေးတဲ့ကာလမှာလည်း ညီလာခံတက်ရောက်တဲ့ကိုယ်စားလှယ်များက သူတို့ ရဲ့ စိတ်ခံစားမှုတွေကို အပူတပြင်းဆွေးနွေးကြတာတွေရှိတယ်ပေါ့လေ။ ဆွေးနွေးပွဲအရှိန်က တော် တော် လေးမြင့်တက်နေတဲ့အခါကျတော့ ဆွေးနွေးပွဲရဲ့ အပူချိန်ကိုလည်း လျော့ချင်တဲ့ ရည်ရွယ် ချက် လည်းပါတာပေါ့၊ ဒါပေမယ့်လည်း နောက်တစ်ရက်ဆွေးနွေးဖို့ဖိတ်တဲ့အခါကျတော့ နောက်ထပ် တိုး တဲ့ ရက်ကို ပါဝင်ဆွေးနွေးဖို့ အဆင်မပြေဖြစ်သွားတာပေါ့လေ။” NUG ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုး ဇော်ဦးကပြောဆိုသည်။
ယင်းညီလာခံမှ ပြည်သူလူထုသို့ အစီရင်ခံခြင်းနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ဒုတိ ယအကြိမ်၊ ပြည်သူ့ညီလာခံမှ ချမှတ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုး သားညီညွတ်ရေးအစိုးရတို့က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ လိုက်နာအကောင်အထည် ဖော်ရန် အဆိုပြုချက်နှင့် အကြံပြုချက်များအား မှတ်တမ်းတင်ခြင်းတို့ကို ထုတ်ပြန်ခဲ့သည်။