Karen State News

Karen State News

စစ်ကောင်စီမှ ဝါဒဖြန့်ချိရေး စစ်ကားရိုက်ကူးခဲ့သော ဥကရစ်ထစခန်းကုန်းကို သိမ်းပိုက်ရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၂

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း -မြန်မာနယ်စပ်ရှိ စစ်ကောင်စီမှ ဝါဒဖြန့်ချိရေး စစ်ကားရိုက်ကူး ခဲ့သည့် ဥကရစ်ထဗျူဟာစခန်းကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း Blcak Panther Column က ထုတ်ပြန် သည်။

 

ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့မွန်းတည့် ၁၂ နာရီခန့်တွင် မြဝတီမြို့နယ်၊ ထိုင်း -မြန်မာနယ်စပ် ဝေါလေ-မြဝတီလမ်းပိုင်း ဥကရစ်ထကျေးရွာရှိ စစ်ကောင်စီ၏ ဥကရစ်ထ ပင်မထောက်ပို့ စစ်စခန်းကို တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများမှာ စခန်း စွန့်ခွာ ၍ ထိုင်းနိုင်ငံဘက်ခြင်းသို့ထွက်ပြေးသွားကြောင်း သိရသည်။

သိမ်းပိုက်ရရှိခဲ့သော ဥကရစ်ထ စခန်းသည် စစ်ကောင်စီမှ “သက်ရှိ စည်းရိုး” နာမည်ဖြင့် စစ်တပ်ဝါဒ ဖြန့်ချိရေးဇာတ်ကား ရိုက်ကူးကာ ထုတ်လွှင့်ပြခဲ့ဖူးပြီး ယင်းစခန်းရှိ စစ်ကောင်စီတပ်သား ၈၀ ခန့်မှာ စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်စစ်ကြောင်း ဗျူအမှတ် ၃၂ ၊ KNLA နှင့် မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိ အခိုက် အကျဆုံးမရှိ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိကာ ခဲယမ်း အမြောက် အများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ပြည်သူလူထုလွတ်မြောက်ရန် အဓိကတော်လှန်နေသောကြောင့် ကျန်ရှိနေသေးသည့် စစ်ကောင်စီ တပ်စခန်းများကို ထပ်မံသိမ်းပိုက်သွားမည်ဖြစ်ကြောင်း Blcak Panther Column က ထုတ်ပြန်ထား သည်။

 

ယင်းစခန်းကိုပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်မှ စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာ မိတ်ပူး ပေါင်းတပ်များ ဥကရစ်ထ စစ်စခန်းနှင့် ဝေါလေစစ်ဗျူဟာစခန်းတို့အား တပြိုင် တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးမဟာမိတ်တပ်တို့၏ ဒရုန်းတပ်ဖွဲ့များ၊ မြေပြင် စစ်ဆင်ရေး စစ်ကြာင်းများက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ယခုကဲ့သို့ စစ်စခန်း စွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသော စစ်သားများအနက် ဒဏ်ရာရရှိသူများကို ထိုင်းစစ်တပ်က ဆေးကုသပေးခြင်း၊ လုံခြုံရေးအရ စစ်ဆေးခြင်းနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်း စဉ်အတိုင်း လက်ခံထားကြောင်း AEC သတင်း လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာ့တပ်တော် -Burma Army က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၆ ရက်နေ့က...