ကမ္မမြို့ပေါ်သို့ ရောက်ရှိနေသော စစ်သားများကို ဒရုန်းဖြင့် ၃ ရက် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးခန့် ထိခိုက်မှုရှိ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၂
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်သို့ ရောက်ရှိနေသော စစ်သားများကို ဒရုန်းဖြင့် ၃ ရက် ဗုံး ကြဲ တိုက်ခိုက်ခဲ့ရာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန် သည်။
ဇွန်လ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်သို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ၃ ရက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်သားများသည် ကမ္မမြို့ပေါ်ရှိ လူ နေအိမ်များ၊ ဈေးဆိုင်များ၊ ဖုန်းဆိုင်များမှ အဖိုးတန်ပစ္စည်းများအား ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း များနှင့် ပြည်သူများအား ဖမ်းဆီးခြင်း၊စစ်ဆေးခြင်းများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု၊ ဂဠုန်ပြောက်ကျားတပ် (Garuda Secret Force) ၊ Black Cheetah ၊ ဒေါင်းသွေးနီပြောက်ကျား၊ မြိုင်ပကဖ ၊ ဗိုလ်အောင်ကျော် (RG) ၊ ကိုရေခဲနှင့် ကိုဗလဦးဆောင်သောလူငယ်ပြောက်ကျားတပ်ဖွဲ့နှင့် ဂျင်လေး (Pl PDF) စသည့် မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ စစ်တပ်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းသည် ပခုက္ကူမြို့နယ်၊ ကမ္မမှ သာကြီးတောင် ၊ တပ်မ တောင် နှင့် ပေါက်မြို့နယ် တလျှောက်၌ တပ်ဖြန့်ရွေ့လျားနေပြီး ၎င်းမှ တဆင့် ပေါက်မြို့နယ် ကပစ ၂၄ သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း သိရသည်။
ထို့ကြောင့် စစ်ကြောင်းရွေ့လျားရာ လမ်းကြောင်း တလျှောက်ရှိ ကျေးရွာအသီးသီးမှ မိဘပြည်သူ များမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မေလ ၃၁ ရက်နေ့တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ရိက္ခာ၊ ခဲယမ်းတင်ကား အစီး ၁၂၀ နှင့်အတူ စစ်သားအင်အား ၁၀၀၀ ခန့်အသုံးပြုကာ ထွက်ခွာလာခြင်းဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media