NUG News

NUG News

စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာ စစ်ရှောင်ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေ ကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၂၂ ဦးသေဆုံးပြီး ၅၀ ဦး ကျော် ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၂

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၂၂ ဦး သေ ဆုံးပြီး ၅၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇူလိုင်လ ၁၁ ရက် နံနက် အစောပိုင်း ၁ နာရီခန့်က စစ်ကိုင်းမြို့နယ် ၊ လင်းတလူးရွာရှိ မဟာသစ္စာဝါဒီကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဆရာတော်နေထိုင်ရာ ဘုန်းကြီးကျောင်းနှင့် ပေ ၃၀ ခန့်အကွာရှိ ဓမ္မာရုံကို ပစ်မှတ်ထား၍ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာက ရှော့ကတ်ဖြင့် လှည့်ပတ် ပစ်ခတ်ခဲ့ပြီးနောက် ၄ မိနစ်ခန့်အကြာ ပေါင် ၂၅၀ ဗုံးဖြင့် ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၂၂ ဦး သေဆုံးပြီး ၅၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအနက် သေဆုံးသူများ လည်း ထပ်တိုးနိုင်ကြောင်း သိရသည်။

 

ယင်းဘုန်းကြီးကျောင်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် စစ်ကိုင်းမြို့နယ်အတွင်း ရှိ ကျေးရွာ ၇ ရွာမှ ပြည်သူ အယောက် ၂၀၀ ခန့် ခိုလှုံနေခြင်းဖြစ် ကြောင်း သိရသည်။

 

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အထွဋ်အမြတ်ထားရာ၊ ကောင်းမှုကုသိုလ်ပြုရာအချိန်ကာလဖြစ်သည့် ဝါတွင်းကာလကိုပါ မရှောင် စစ်တပ်က အရပ်သားလူထုအပေါ်ဦးတည်သည့် အကြမ်းဖက် တိုက်ခိုက် မှုများကို ဆက်တိုက်ပြုလုပ်နေတာခြင်းဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက အသိပေး ထားသည်။

 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေး နှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အ ကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင် ရွက် သွားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...