TNLA News

TNLA News

ကျောက်မဲမြို့ကို စစ်‌ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က

လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက် အစောပိုင်း ၃ နာရီခန့်က ကျောက်မဲမြို့ရဲစခန်း၊ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် ကော်လီဟိုတယ် တို့ကို ပစ်မှတ်ထား၍ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံး ကြဲချတိုက် ခိုက်ခဲ့ရာ ပြည် သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ကလည်း မိုးကုတ်မြို့၊ ပန်မထိပ်ကျေးရွာကို  စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ဖြင့် ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ကြဲချခဲ့ရာ ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦးတိုထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၇ အိမ်လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

၂ ပတ်အတွင်း ကျောက်မဲမြို့ကို (၄)ကြိမ် ၊ နောင်ချိုနယ်နယ်၌ သုံးဆယ်ကျေးရွာတွင် (၁)ကြိမ်၊ မိုး ကုတ်မြို့တွင် (၁)ကြိမ်နှင့် သီပေါမြိုတွင် (၁)ကြိမ် စုစုပေါင်း (၇)ကြိမ် စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု ၆ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၂ ဦးအပါအဝင် ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေ အိမ် အလုံး ၅၀ ၊ စာသင်ကျောင်း (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်း ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၃ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို  ပစ်မှတ်ထား၍ လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေသောကြောင့် ဘာသာရေး၊အလှူပွဲ၊ မင်္ဂလာဆောင်ပွဲများ ပြုလုပ် ကျင်းပရာတွင် ဆိုင်းဝိုင်း၊ အငြိမ့်၊ ဇာတ်ပွဲ စသည်တို့ဖြင့် ထည့်သွင်းဧည့်ခံဖျော်ဖြေခြင်းများ မပြုလုပ် ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။...