Sagaing News

Sagaing News

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသောစစ်သင်္ဘောများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၁

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် စစ်တပ်သင်္ဘောများကို မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Brave Heart Army – BHA တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၈ ရက်မွန်းတည့် ၁၂ နာရီခန့်က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ် သင်္ဘော ၃ စီး၊ တွဲတွန်း ၂၉ စီးပါ သင်္ဘောရေယာဉ်တန်းကို မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တနေ ရာမှ အသင့်စောင့်ကြို၍ ရှေ့ထွက်မိုင်း ၄ လုံးပွိုင့် ၆ ပွိုင့်ခွဲပြီး ဖောက်ခွဲပြီး လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဝိုင်းဝန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ဖြင့် ပြန်လည် ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ChindwinFighterGroup(CFG) ၊ Brave Heart Army-(B.H.A)တပ်ဖွဲ့၊ ဗန္ဓုလနှင့် အဖွဲ့သားများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အမြန်ဆုံး နိဂုံးချုပ်နိုင်ရေးအတွက် မလျော့သော ဇွဲဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက် မနည်းသေဆုံးကာ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း MSRF တပ်ဖွဲ့က  ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၆...