Magway News

Magway News

မြိုင်မြို့ အရှေ့ဖျားရှိ စီမံကိန်းရုံးကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁၂ ဦး အရှင်မိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၁

 

မကွေးတိုင်း၊ မြိုင်မြို့အရှေ့ဖျားရှိ စီမံကိန်းရုံး၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးအရှင်ဖမ်းမိခဲ့ပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၈ တပ်ရင်းထံမှ သိရသည်။

 

ဇူလိုင်လ ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်က မြိုင်မြို့အရှေ့ဖျားရှိ စီမံကိန်းရုံး၌ တပ်စွဲထားသော စစ် ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၁၂ ဦးအရှင်ဖမ်းမိပြီး ဖမ်းမိသူများအနက် တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားကို ဆေးဝါးကုသမှုပေးထားကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း စခန်းဝင်စီးစဉ် စစ်ကောင်စီတပ်က ပစ်ခတ်သည့် ကျည်ထိမှန်ကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် မြိုင်မြို့ မရဲစခန်းအတွင်းမှ စစ်ကူပေးရန်အတွက်ထွက်လာရာ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ်၊ မွန်း တည့် ၁၂ နာရီတွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် ဖြတ်တောက်တိုက်ခိုက်ခဲ့ရ သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူစောထီးများမှာ ရှေ့သို့ပင် မတိုးရဲဘဲ ကြောက်လှန့်၍ နောက်ကြောင်းပြန်လှည့်သွားကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ၁ ကြိမ်၊ ညနေ ၅ နာရီတွင် ၁ ကြိမ် ၂ ကြိမ် တိတိ ‌ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ထိခိုက်မှုမရှိ ပဲ စစ်ကောင်စီတပ်ဖွဲ့၏ စီမံကိန်းရုံးကို ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့နိုင်ခဲ့ပြီး ည ၇ နာရီအချိ န်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲအုပ် သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်း ဇော်၊ ရဲတက ဇော်ဝင်းနိုင်၊ ရဲဒုတက တင်မျိုးထွန်း၊ ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲ တပ် သား သန်းတိုးအောင်၊ ရဲဒုတက မင်းမင်းထွန်း၊ ရဲတပ်သား မင်းမင်းဇော်၊ ရဲဒုတက သက်ကိုကို၊ စစ်တပ်မှ တက ဦးထွန်းနှင့် တပ်သား မျိုးနိုင်ဝင်း စသည့် ၁၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ ဖမ်းဆီး ရရှိ သည့် စစ်သုံ့ပန်းများအနက် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် စစ်ကောင်စီတပ်သားများထံမှ G3 အမျိုးအစား သေနတ် ၁၀ လက်၊ MA3 အမျိုးအစား သေ နတ် ၁ လက်၊ MA4 အမျိုးအစေားသေနတ် ၁ လက်၊ 79 မမ ၁ လက်၊ G3 ကျည်ဘောက် ၁၅ ဘောက်၊ MA ကျည်ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်‌ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွက်မန့် ၇ ခု နှင့် ငွေသား ၂၂ သိန်း တို့ သိမ်းဆည်းရ ရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ စီမံကိန်း ရုံးအား နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ ကာကွယ်ရေး ရဲဘော်များကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှု ရှိကာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၈ ၊ မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+) ၊ ဇာမဏီပြောက် ကြားတပ်ဖွဲ့ ၊ တပ်ပေါင်းစု (Good Brother) ၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက် ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA(မြောက်ပိုင်းကျားငါးကောင်အဖွဲ့)၊ အညာမုန်တိုင်းအဖွဲ့၊ တော် လှန်ပြောက်ကျားအဖွဲ့နှင့် Scorpion People Denfece Force တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက် မနည်းသေဆုံးကာ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း MSRF တပ်ဖွဲ့က  ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၆...