Sagaing News

Sagaing News

ရွှေဘိုမြို့နယ်အတွင်းရှိ ဗျူဟာစခန်းကုန်း ၃ ခုနှင့် ပျူစခန်းတစ်ခုကို သိမ်းပိုက်မှု ဗိုလ်မှူးတစ်ဦး အရှင် ဖမ်းမိပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၁

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဗျူဟာစခန်းကုန်း ၃ ခုနှင့် ပျူစခန်းတစ်ခုကို သိမ်းပိုက်မှု ဗိုလ် မှူး တစ်ဦး အရှင် ဖမ်းမိပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၄ ရက်နံနက်ပိုင်းက ရွှေဘိုမြို့နယ် ၊ကျောက်မြောင်းမြို့ ဟင်္သာကြီးပျူရွာစခန်းကုန်းနှင့် ဘိုး နတ်တောင် ဗျူဟာ စခန်း ကုန်း တို့ကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဘက် မှ Jet Fighter ဖြင့် လာ ရောက်ကြဲ၍ ခုခံနေသည့်ကြားမှ မွန်းလွဲ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးဦးဆောင် သော ဟင်္သာကြီးပျူရွာ စခန်းကုန်းနှင့် တစ်ရွာ လုံးကို အပြီးသတ်သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုပတ်ရင်းမှူး ဗိုလ်မှူးကို အရှင်ဖမ်းမိကာ ကျန်စစ်သား၊ ပျူများမှာ မခေါက်ရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

 

ထိုနောက် ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်မှ G1 ဦးဆောင်သော ဘိုးနတ်တောင်ဗျူဟာကုန်း ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး G1 နှင့်အဖွဲ့မှာ တောင်လှဗျူဟာကုန်းသို့ ဆုတ်ခွာထွက်ပြေးသွား ကြောင်း သိရသည်။

 

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက အလွတ်မပေးဘဲ တောင်လှဗျူဟာစခန်း ကုန်းကို ဆက်လက်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဂျူလိုင်လ ၄ ရက်နေ့ တစ်နေ့လုံးနှင့်တစ်ညလုံး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂျူလိုင်လ ၅ ရက်နေ့ နံနက်အစော ပိုင်းတွင် တတိယမြောက် တောင်လှဗျူဟာ စခန်းကုန်းအား အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ဂျူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီ ခန့်တွင် ဘိုးထွန်းကျော်ဗျူဟာစခန်းကုန်းကိုပါ ထပ်မံ၍ အပြီး သတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး-ချမ်းလွင်မောင်ကို အ ရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်၊နက် ခဲယမ်းအမြောက်အများလည်း (အရေအတွက် စီစစ်ဆဲ) သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆ (DOUNG Ni PDF ) တပ် ရင်းများနှင့် Brave Brothers (Local PDF)၊ တိုက်နယ်(၄) ရွှေဘိုကျားကြီး(ပကဖ)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင်တပ်ရင်းများအနေဖြင့် ပြည်သူများအပေါ် ပေါ်တာဆွဲ ဖမ်းဆီးနှိပ်စက်နေသော စစ်ကောင်စီနှင့် လက်အောက်ခံ ပျူစောထီးတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက် လျက်ရှိပြီး မိဘပြည်သူများအနေဖြင့်လည်းစစ်ရေးအသိ စစ်ရေးသတိ ရှိရှိဖြင့် စစ်ကောင်စီ တပ်စခန်းများ အနီးသို့ သွားရောက်ခြင်း မပြုကြရန်နှင့် စစ်ဆင်ရေးဖော်ဆောင်နေသော တပ်ရင်းများကိုလည်း တတ်နိုင်သည့် ဘက်မှ ကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ညောင်ဦးနှင့် တောင်သာမြို့နယ်တွင်စစ်တပ်စစ်ကြောင်းထိုးကို တိုက်ခိုက်မှု စစ်သား ၄၀ ဦး ထက်မနည်းသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၂   မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နှင့် တောင်သာမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးထက်မနည်းသေဆုံးပြီး...