Sagaing News

Sagaing News

မုံရွာမြို့သို့ ဆန်တက်လာသော စစ်သင်္ဘော ၃၃ စီးကို ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှု သင်္ဘောတစ်စီး ပျက်စီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၀

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ ဆန်တက်လာသော စစ်သင်္ဘော ၃၃ စီးကို ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီးပျက်စီးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၂၃ တပ်ရင်းထံမှ သိရသည်။

 

ဇူလိုင်လ ၈ ရက် နံနက် ၈ နာရီခန့်က မန္တလေးမှတဆင့် ဧရာဝတီ မြစ်ကြောင်း၊ ၎င်းမှ တဆင့် ချင်း တွင်းမြစ်ကြောင်းကို ကူးကာ ဆန်တက်လာသည့် စစ်သင်္ဘော ၄ စီး၊ Speed Boats ၅ စီး နှင့် တွဲတွန်းဖလပ် ၂၄ စီး စုစုပေါင်း ရေယာဥ် ၃၃ စီးတို့သည် မြစ်ကမ်းဘေးတလျှောက်လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဆန်တက်လာစဉ် ချင်းတွင်းမြစ်ကြောင်းတနေရာမှ အသင့် စောင့် ကြို၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီးထိမှန် ပျက်စီးခဲ့ ပြီး စက်ရပ်တန့်သွားကြောင်း သိရသည်။

ထိုသို့ စက်ရပ်တန့်သွားပြီး ကန့်လန့်မျောပါနေချိန် အခြားသင်္ဘောတစ်စီးမှ လာရောက်တွဲယူကာ ဆက်လက်ဆန်တက်သွားကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၃ တပ်ရင်း မှ ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သင်္ဘောပေါ်မှ လက်နက်ကြီး၊လက်နက်ငယ်များ ၊ RPG များ ၊စက်လတ်များဖြင့် တရစပ် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိခဲ့ကြောင်း၊ သို့သော်လည်း တိုက်ပွဲအတွင်း MA 2 တစ်လက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေး တပ်မတော် မုံရွာခရိုင်အမှတ် ၂၃ တပ်ရင်းအနေဖြင့် စစ်အာဏာရှင် စနစ်အမြစ် ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက် မနည်းသေဆုံးကာ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း MSRF တပ်ဖွဲ့က  ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၆...