နတ်မောက်အရှေ့ခြမ်းသို့ ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်း၊ ၄၀ မမဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၈
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အရှေ့ခြမ်းသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မိုင်း၊ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း People’s Defense Force – Natmauk ထံမှ သိရသည်။
ဇွန်လ ၃၀ ရက်နေ့က နတ်မောက်မြို့နယ် အရှေ့ဘက်ခြမ်း၊ ဝမ်းဘဲအင်းကျေးရွာနှင့် ကုလားရှင် ကျေး ရွာ သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန် ရေး တပ်ဖွဲ့များက မိုင်းဆွဲပြီး ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းစစ်တပ်စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ရှိပြီး စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်ခဲ့ ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများကို ရိုက်နှက် ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြု၍ ချီ တက် နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို People’s Defense Force – Natmauk အမှတ် ၉၀၂ တပ်ရင်း နှင့် ကျား သစ်နက် တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media