Sagaing News

Sagaing News

ကလေးမြို့နယ်၊ ကံပုလဲအရှေ့ရွာပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများနှင့်အတူ ၁ ဦးအရှင်မိ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၈

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောညောင်ပင်ရွာ(ကံပုလဲအရှေ့ရွာ)ရှိ ပျူစခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား အလောင်း ၅ လောင်း၊ စစ်သုံ့ပန်းတစ်ဦးနှင့်အတူ လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၅ ရက် နံနက် ၁ နာရီ ၂၀ မိနစ်က ကလေးမြို့နယ်၊ နှောညောင်ပင်ပျူရွာ (ကံပုလဲအရှေ့ရွာ) ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီသား၊ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက် နိုင်ခဲ့ပြီး စစ်သား၊ ပျူ အလောင်း ၅ လောင်း၊ စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကာဘိုင်အမျိုးအစား သေနတ် ၄ လက်၊BA-100 (၆၀မမ) – (၁)ပြောင်း ၊ G-3-အမျိုးအစား သေနတ် ၂ လက်၊ ၆၀ အဖူး ၁၂  ဖူး၊ MG-1 ပလတ်စတစ် လက်ပစ်ဗုံး ၂ လုံး ၊ i-con စက် ၂ လုံး၊ .၃၀ လက်မ ကာဘိုင်ကျည် – (၁၁၇၅) တောင့်၊ 7.62 ကျည် (၅၀၉) တောင့်၊ ကပစ ထုတ် 5.56 ကျည် ၅၈ တောင့်၊ G-3 ကျည်ဘောက် (၉ ဘောက်၊ ကာဘိုင်ကျည်ဘောက် ၉ ဘောက်တို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်းသို့ နံနက် ၂ နာရီ ၂၀ မိနစ်မိနစ်တွင်ကလေးမြို့အခြေစိုက် ဒေသကွက် ကဲမှုစစ်ဌာနချုပ် -ဒကစမှ စစ်ကူအင်အားများရောက်ရှိလာခြင်း စစ်ကောင်စီတပ်အထိုင်စခန်းတစ်ခု ဖြစ်သည့် အဖွဲ့စက်မှ လက်နက်ကြီးပစ်ကူပေးခြင်းတို့ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ဦးဆောင်မှုဖြင့် ဒေသခံ ကျေး ရွာ ပကဖအဖွဲ့များ နှင့် RAW (Kalay) ဆေးအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားနှင့် အတူ စစ်လက်နက်ခဲယမ်းပစ္စည်းများ

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

စစ်သင်္ဘောများဖြင့်ချပေးသည့် ခဲယမ်း၊ ရိက္ခာသယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကားတစ်စီး ပျက်စီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၈   မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်သင်္ဘောများပေါ်မှချပေးသည့် ရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးခဲ့ကြောင်း ရေစကြိုပကဖ ထံမှ သိရသည်။   ယမန်နေ့ ဇူလိုင်လ ၇...