Bago News

Bago News

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ထိခိုက်ပျက်စီးမှုရှိ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၉

 

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ငူ (ကေတုမတီ)လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံ မှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၄ နာရီ ၃၃ မိနစ်က တောင်ငူမြို့အခြေစိုက် တောင်ငူ (ကေတု မတီ)လေတပ်စခန်းကို  ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးပစ်ခတ်ခဲ့ရာ ၄ လုံးသာ အောင်မြင်စွာပစ်ခတ် နိုင်ခဲ့ ပြီး စစ်ကောင်စီ ဘက်မှ ပြန်လည်ပစ်ခတ်နေမှုများကြောင့် လုံခြုံရေးအရ ပြန်လည်ဆုတ်ခွာခဲ့ ရကြောင်း သိရသည်။

ထို့နောက် ည ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ် နေသည့်ကြားမှ BWM နှင့် မဟာမိတ် အဖွဲများသည် ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးထပ်မံသွားရောက်ပစ်ခတ်ရာ ၇ လုံးမှာ လေတပ်အတွင်း အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။

 

ထို့သို့ တိုက်ခိုက်မှုများအတွင်း ရှော့တိုက်ဒုံးများသည် တောင်ငူလေတပ် အတွင်းကျရောက်ပြီး လေ တပ်အတွင်း၌လည်း ထပ်ဆင့်ပေါက်ကွဲသံများကြားရကြောင်း နောက်ဆက်တွဲ အပျက်အစီး များကို သေချာစုံစမ်းစိစစ်ပြီး ဆက်လက် တင်ပြပေးသွားမည်ဖြစ်ကြောင်း BWM အဖွဲ့ ပြောဆိုထား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့နှင့် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ တို့ပူးပေါင်း ကာ BWM ၏ mission 42 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်ငူလေတပ် စခန်းဌာနချုပ်သည် ကရင်ပြည်နယ်၊ ကရင်နီ၊ ရှမ်းတောင် ရှိတော်လှန်ရေးအင် အားစုများ၊ စစ်ရှောင်ပြည်သူ လူထုကို နေ့နေ့ညည ဗုံးကြဲ သတ်ဖြတ်နေသော လေယာဥ်များထားရှိ သည့် လေတပ်စခန်း တစ်ခုဖြစ်သောကြောင့် ယခုကဲ့သိုတိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

 

မည်သည့်တော်လှန်ရေးမဆို ပြည်သူမျက်နှာမူရာအရပ်တွင် အောင်ပွဲရှိလေ့ရှိသည်ဖြစ်၍ ပြည်သူများ စိတ်မပျက်ပဲ၊ သွေးမကွဲပဲ တော်လှန်ရေးတွင် နိုင်ရာတာဝန်ထမ်းရင်း အောင်ပွဲဆီ အတူချီတက်ကြရန် နှင့် BWM နှင့် မဟာမိတ် အဖွဲ့များအနေဖြင့်လည်း တော်လှန်ရေးအောင်မြင်သည်အထိ ပြည်သူနှင့် အတူ ကြိုးစားတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

တောင်ငူမြို့နယ်အခြေစိုက် ခလရ ၃၉ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး တပ်ရင်းရိက္ခာဂိုဒေါင်၊ စက်ပစ္စည်းဂိုဒေါင်နှင့်လူပျိုဆောင်ဘားတိုက်မီး လောင်ပျက်စီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၉   ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် ခလရ ၃၉...