SAC News

SAC News

စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ပဲခူးတိုင်းအတွင်း ပျောက်ဆုံးနေ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၃

 

ပဲခူးတိုင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ပျောက်ဆုံးနေကြောင်း ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်သည်။

 

ဇူလိုင်လ ၁ ရက် ညပိုင်းက နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၌ ရုတ် တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီး ဆက်သွယ်မှု ပြတ် တောက်ရာ နေရာတစ်ဝိုက်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်နိုင်ရေး စီမံဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

အဆိုပါ လေယာဉ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ စက်ချို့ယွင်းခြင်း (သို့မဟုတ်) ရာသီဥတုဆိုးရွာမှု ကြောင့် ဖြစ်နိုင်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

 

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လေယာဉ်ပျောက်ဆုံးသွားသည့်နေရာမှာ ပဲခူးတိုင်း၊ ရွှေကျင်မြို့ နယ်၊ ကျောက်ကြီးမြို့နယ်အတွင်းဖြစ်နိုင်ကြောင်း၊ ယင်းနေရာသည် တော်လှန်ရေးတပ်ဖွဲ့များက စိုး မိုးထိန်းချုပ်ထားသည့် နေရာများဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးစေလွှတ်နိုင်ရန် လွယ်ကူသည့်နေရာ မဟုတ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...

Tanintharyi News

ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁   တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်...