Jail News

Jail News

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၂၀၀ ခန့်ကို အိုးဘိုအကျဉ်းထောင်ဝန်ထမ်းများက သံတုတ်များဖြင့် ရိုက်၊ ကိုဝေမိုးနိုင်သွေးထွက်လွန်သတိလစ် မေ့မြောနေသော်လည်း ဆေးကုသမှုမပေးပဲ တိုက်ပိတ်ထား

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂

 

စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၀၀ ခန့်ကို အိုးဘိုအကျဉ်းထောင်ဝန်ထမ်းများက သံတုတ်များဖြင့်ရိုက်နှက်နှိပ်စက်ခဲ့ရာ ကိုဝေမိုးနိုင်မှာ သွေးထွက်လွန်သတိလစ်မေ့မြောက်သွားသော်လည်း ဆေးကုသခွင့်မပေးပဲ တိုက်ပိတ် ထားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် – PPNM က ထုတ်ပြန် သည်။

 

ဇွန်လ ၁၂ ရက် နံနက် ၁၁ နာရီခန့်က မုံရွာမြို့ အကျဉ်းထောင်ရှိ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေ မိုးနိုင် အပါအဝင် နိုင်ငံရေးအ ကျဉ်းသား၊ အကျဉ်းသူ ၂၀၀ ခန့်ကို မန္တ‌လေးမြို့၊ အိုးဘိုအကျဉ်းထောင် သို့ ထောင်ပြောင်းရွှေ့မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောင်ပြောင်းဖြင့်ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများအနက် ကိုဝေမိုးနိုင်ကို ဦး တည်ချက်ထားကာ အကျဉ်းဦးစီးဌာန ဝန်ထမ်းများကက ထောင်အဝင်ဗူးဝအရောက် ဆီးကြို၍ သံတုတ်များဖြင့် ရိုက်နှက်ခဲ့ရာ ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ပေါက် ပြဲဖူးရောင်ဒဏ်ရာများရရှိခဲ့ကြေင်း သိရသည်။

အကျဉ်းဦးစီးဌာနဝန်ထမ်များ၏ သံတုတ်များဖြင့် ဆီးကြိုရိုက်နှက်မှုကြောင့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်မှာ နဖူးကွဲဒဏ်ရာဖြင့် သွေးထွက်လွန်သွားပြီးသတိလစ်မေ့မြောက်ခဲ့သော်လည်း အရေး ပေါ်ဆေးကုသမှုမပေးသည့်အပြင် ထောင်ဆေးရုံပင် ပို့ဆောင်ပေးခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် – PPNM က ထုတ်ဖော်ထားသည်။

 

ထို့အပြင် ကိုဝေမိုးနိုင်အား သတိပြန်လည်ရရှိသည်နှင့်တပြိုင်နှက် ပြစ်ဒဏ်တိုက်သို့ ပို့၍ ပါဆယ်နှင့် ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ကန့်သတ်ထားပြီး ခြေကျင်းခတ်၍ သီးခြားတိုက်တွင် တိုက်ပိတ်ပြစ် ဒဏ် ပေးထားကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်တွင် စစ်သား၊ ပျူစောထီးများက ဆွံအပြည်သူတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးကို ညှင်းပန်းနှိပ်စက်သတ်ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်သား၊ ပျူစောထီးများက ဆွံအပြည်သူတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးကို...