Tanintharyi News

ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁

 

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်

 

ဇွန်လ ၂၂ ရက် နံနက် ၉ နာရီခန့်က ဘုတ်ပြင်းမြို့နယ်ဘက်မှ တက်လာ၍ ဘိုးဒါးကျေးရွာ၌ အထိုင်ချ နေသည့် စစ်သားအင်အား ၅၀ ကျော်ခန့်နှင့် လေညာဘက်မှ တက်လာသည့် စစ်သားအင်အား ၄၀ ကျော်ခန့်တို့ ပူးပေါင်းကာ ချောင်းမွန်ကျေးရွာနှင့် ဝါးဒင်းကျေးရွာကြားရှိ တော်လှန်ရေးပူးပေါင်းအဖွဲ့ စစ်ဆေးရေးဂိတ်ကို နှစ်ဖက်ညှပ်ကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ချီတက်လာခဲ့ကြောင်း သိရ သည်။

ထိုသို့ စစ်တပ်က ချီတက်တိုက်ခိုက်မှုကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာခဲ့‌ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ထို့နောက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ပြင်ဆင်မှုပြုလုပ်ကာ နံနက် ၁၀ နာရီအချိန်တွင် ဒုတိယအကြိမ် သွား ရောက်၍ ၄၀ မမ ဗုံးသီး၊ ၆၀ မမ ဗုံးသီးများဖြင့်လည်းကောင်း၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိ နိုင်ရန်စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၄ ၊ ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၂ ၊ S.O.F တပ်ခွဲ (PDF) ၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)Flying Star Forceနှင့် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်...