Sagaing News

Sagaing News

ဇီးကုန်းမြို့အနီးတွင် စစ်သား ၆ ဦးပစ်ခတ်သတ်ခံရပြီးနောက် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၃၀

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီးတွင် စစ်ကောင်စီတပ်သား ၆ ဦးပစ်ခတ်သတ်ခံရပြီး နောက် စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ထန်းကုန်းတိုက်နယ် ပကဖထံ မှ သိရသည်။

 

ယနေ့ ဇွန်လ ၃၀ ရက် နံနက် ၆ နာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ မူးဆုံကင်းစခန်းမှ စစ်ကောင်စီတပ် သား ၆ ဦးသည် ဇီးကုန်းရဲစခန်းဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် စခန်းနှင့်မီတာ ၁၅၀၀ အကွာ ခန့် အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦးစလုံးသေဆုံးသွား ကြောင်း၊ လက်နက်ကြီးပစ်ကူ၊ စစ်ကူများအလုံး အရင်းဖြင့် ရောက်ရှိလာသောကြောင့် လက်နက် ကောက်ယူနိုင်ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။

“မူးဆုံကင်းအထိုင်စခန်းက နေဇီးကုန်းရဲစခန်းဘက်ကိုက ဆိုင်ကယ် ၃ စီးနဲ့ နေထွက်လာတဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ကျနော်တို့ ပူး ပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာ။ လက်နက်ပစ်ခတ် သံကြားရပြီးတော့ ဇီးကုန်းအထိုင်းစခန်းနဲ့ မူးဆုံအထိုင်စခန်းကပါ လက်နက်ကြီး လက်နက်ငယ် တွေ ပစ်ကူပြီး အင်အားအလုံးအရင်းနဲ့ ကျနော်တို့ရှိရာကို စစ်ကူလာကြတယ်။ အဲတာကြောင့် လက်နက် တောင် မကောက်နိုင်ခဲ့ဘူး။” ထန်းကုန်းတိုက်နယ် ပကဖတာဝန်ခံ ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Kantbalu Counter Revolution Army (KBU-CRA) အဖွဲ့မှ ဦးဆောင်ကာ Kantbalu Htaw Gyi ပကဖ၊ Kantbalu လျှပ်ပြေး ပကဖနှင့် Kantbalu တောသား ပကဖ မဟာမိတ် အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ တိုက်ပွဲအများအပြားဆင်နွှဲနိုင်ရန်အတွက် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိသော ကြောင့် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဇီးကုန်းမြို့ရဲစခန်းနှင့် မူးဆုံကင်းစခန်းရှိ စစ်ကောင်စီတပ်သားများ အင်အားအလုံးအရင်းဖြင့် ဇီးကုန်းမြို့၊ ရန်ကြီးအောင် ကွက်သစ်ရှိ ပြည်သူ့နေအိမ်များကို မီးရှို့ ဖျက် ဆီး လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၃ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်မှူးကျော်မင်းအပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း နွားထိုးကြီး PDF...