NUG News

NUG News

အကြမ်းဖက်စစ်တပ်ထံ သိမ်းဆည်းရရှိသော လက်နက်များကို PDF တပ်ဖွဲ့ထံ အားဖြည့်သွားမည် ဖြစ်ပြီး စစ်ဒေသနှင့်စစ်နယ်ဝှန်း အလိုက် အင်အားထောင်ချီ ပါဝင်လျက် မွမ်းမံလေ့ကျင့်ခြင်း၊ စုဖွဲ့ တပ်ဆင်ခြင်း၊ ကွပ်ကဲမှုတည်ဆောက်ခြင်းဖြင့် ထုအင်အား တည်ဆောက်လျက်ရှိဟု NUG အစိုးရ ပြော

 

တပ်မ ၁၀ ခု၊ စကခ ၂၀ ဖြင့် ဖွဲ့စည်းထားသော စစ်ကောင်စီ အမာခံ တိုက်ခိုက်ရေး အင် အားသည် ၃ ပုံ ၂ ပုံခန့် ယိုယွင်း ပြုန်းတီးခဲ့ပြီ ဖြစ်ပြီး စစ်အခြေအနေ ဖန်တီးနိုင်မှုသည် တော်လှန်ရေး အင်အားစု များ၏ လက်သို့ အပြည့်အဝ ရောက်ရှိခဲ့ပြီဟုဆို

 

D Day News

မေလ ၅

 

အကြမ်းဖက်စစ်တပ်ထံ သိမ်းဆည်းရရှိသော လက်နက်များကို PDF တပ်မတော်သားများကို တပ် ဆင် ပေးသွားမည်ဖြစ်ပြီး စစ်ဒေသနှင့်စစ်နယ်ဝှန်း အလိုက် အင် အားထောင်ချီ ပါဝင်လျက် မွမ်းမံ လေ့ ကျင့်ခြင်း၊ စုဖွဲ့တပ်ဆင်ခြင်း၊ ကွပ်ကဲမှုတည်ဆောက်ခြင်းဖြင့် ထုအင်အား တည်ဆောက်လျက် ရှိကြောင်း NUG အစိုးက က ပြောကြားသည်။

 

ယနေ့ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း ၃ နှစ်ပြည့်ကာလ ပြည်သူသို့ အစီရင်ခံတင်ပြချက်တွင် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားခြင်းဖြစ်သည်။

 

လတ်တလော စစ်ဆင်ရေးများတွင် ရန်သူစစ်ယန္တရားကို ဖျက်ဆီးနိုင်ရုံမက လက်နက် ကြီး/ငယ် မြောက်များစွာကို လက်ရ သိမ်းပိုက်လျက် ရန်သူ့လက်နက်၊ ကိုယ့်လက်နက် ဖြစ်အောင် စွမ်း ဆောင်နိုင် ခြင်းသည် အရေးကြီးသော စစ်ရေး တိုးတက် အောင်မြင်မှု ဖြစ်ကြောင်း၊အဆိုပါ ရန်သူ့ လက်နက်များဖြင့် PDF တပ်မတော်ကို အားဖြည့် တပ်ဆင်သွားမည်ဖြစ်ကြောင်း အသိပေးထား သည်။

ထို့အပြင် PDF ရဲဘော်များ၏ လက်နက်ကြီး သုံးစွဲနိုင်စွမ်း မြင့်တက်လာမည် ဖြစ်သကဲ့သို့ PDF ဒရုန်း တပ်ဖွဲ့ ကိုလည်း အင်အားတိုးချဲ့လျက်ရှိကြောင်း၊ ယခုအခါ စစ်ဒေသနှင့်စစ်နယ်ဝှန်း အလိုက် အင် အားထောင်ချီ ပါဝင်လျက် မွမ်းမံလေ့ကျင့်ခြင်း၊ စုဖွဲ့တပ်ဆင်ခြင်း၊ ကွပ်ကဲမှုတည်ဆောက်ခြင်းဖြင့် ထုအင် အား တည်ဆောက်လျက်ရှိကြောင်း၊ ရည်ရွယ်ချက်မှာ မဟာဗျုဟာ ထိုးစစ်များ ဆင်နွှဲရန် ဖြစ်သည်။ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ အင်ဂျင်နီယာတပ်၊ ယာဥ်ယန္တရားတပ် စသော လက်ရုံး တပ်များ ကိုလည်း အင်အား တိုးချဲ့တည်ဆောက်နေကြောင်း သိရသည်။

 

ထို့သို့ ထုအင်အားဖြင့် မဟာဗျုဟာ ထိုးစစ်ဆင်ခြင်းသည် တော်လှန်ရေး၏ အဆုံးသတ်တိုက်ပွဲသို့ ရောက်ရှိစေမည် ဖြစ်ပြီး ယခုလို အဆုံးအဖြတ်ကာလတွင် စစ်ရေးနှင့်နိုင်ငံရေး ဟန်ချက်ညီရေးသည် အသက်တမျှ အရေးကြီးကြောင်း၊ တော်လှန်ရေးအင်အားစုအားလုံး ဥာဏ်ပညာ ဦးစီးလျက် သတိ၊ ဝီရိယ အထူး စိုက်ထုတ် ကြိုးပမ်းရမည့် အချိန် ဖြစ်ကြောင်း အသိပေးထားသည်။

 

ထို့အပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ (K3C) နှင့် NUG အကြား ညှိနှိုင်းရယူထားသော ဘုံ သဘော ထားရပ်တည်ချက်ကို တော်လှန်ရေးအင်အားစုအားလုံး၏ ဘုံသဘောထား ဖြစ်သည်အထိ ဆက် လက် ညှိနှိုင်းဆောင်ရွက်လျက်ရှိခြင်း၊ ပြည်သူလူထု၏ ထောက်ခံပါဝင်မှုနှင့်ခံနိုင်ရည်ကို ထိန်း သိမ်း မြှင့်တင်ခြင်း၊ တော်လှန်ရေး ရဲဘော်များအား ရုပ်ပိုင်းအရ လက်နက်ငယ်များသာမက လက် နက် ကြီးနှင့် ဒရုန်းသုံးစွဲနိုင်စွမ်းကို မြှင့်တင်ခြင်း၊ ခဲယမ်းမီးကျောက် အလုံအလောက် ဖြည့်တင်းခြင်း နှင့် စိတ်ပိုင်းအရ တော်လှန်ရေး ယုံကြည်ချက်နှင့်ဇွဲသတ္တိကို မြှင့်တင်ခြင်းတို့ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

 

အလားတူ ဘဏ္ဍာရန်ပုံငွေ အလျင်မပြတ် ရရှိအောင် စီမံခြင်း၊ စစ်ကောင်စီ၏ တော်လှန်ရေး ပုံဖျက် ရန် ရည်ရွယ်သော သတင်းမှားထုတ်လွှင့်မှုများကို ချေဖျက်ရုံမက အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ ဝင် များအား အမြင်မှန်ရစေလျက် လမ်းမှန်ပေါ်ရောက်အောင် စည်းရုံးခြင်း၊ တော်လှန်ရေးအကျိုးကို ရှေးရှု့လျက် စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဥ်းများကို တော်လှန်ရေး ရဲဘော်များအနေဖြင့် အလေး နက် လေးစားလိုက်နာခြင်း၊ စိုးမိုးထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးလေဟာနယ် မဖြစ်စေပဲ ပြည်သူ့ အုပ်ချုပ်ရေး ယန္တရား ထူထောင်လျက် စနစ်တကျ လည်ပတ်ခြင်းတို့ဖြင့် နိုင်ငံရေးနှင့်စစ်ရေး ဟန်ချက်ညီရေးအတွက် လုပ်ဆောင်ကြရန်များ တိုက်တွန်းထားသည်။

 

ထိုသို့လုပ်ဆောင်ရာ ဥာဏ်အမြော်အမြင် ရှိရှိ ဖြည့်ဆည်းဖြေရှင်း ဆောင်ရွက်ခြင်းအားဖြင့် တော် လှန်ရေး၏ အရှိန်နှင့်အလျင်ကို တိုးတက်အားကောင်းစေမည် ဖြစ်ကြောင်NUG အစိုးရက ကာကွယ် ရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

PDF များနှင့်ပကဖများအား လက်နက်တပ်ဆင်နိုင်ရန် လိုအပ်သော ဘဏ္ဍာရန်ပုံငွေကို ပြည်သူလူထု ၏ ထည့်ဝင်၊ ထောက်ပံ့၊ လှုဒါန်းမှုကို အားပြုခဲ့ရပြီး လိုအပ်သော လက်နက် ရှာဖွေမှုကို မဟာမိတ် တိုင်းရင်းသား အဖွဲ့အစည်းများက ဝိုင်းဝန်း ကူညီခဲ့ကြကြောင်း၊ နယ်မြေစိုးမိုးထိန်းချုပ်မှု တိုးတက် လာသည်နှင့်အမျှ မြေပြင်မှ ရရှိသော အခွန်အခများ သည်လည်း တော်လှန်ရေးရန်ပုံငွေအတွက် တတပ်တအား ဖြစ်ခဲ့ပြီး လက်နက်တပ်ဆင်မှုတွင် မဟာမိတ် အဖွဲ့အစည်းများက ကူညီတပ်ဆင် မျှဝေပေးသော လက်နက်များလည်း ပါဝင်ကြောင်း၊ရရှိသော တော်လှန်ရေး ဘဏ္ဍာရန်ပုံငွေကို တော်လှန်သော မဟာမိတ် EROs များနှင့်မျှဝေ သုံးစွဲမှု အစီအစဥ်များလည်း ဆောင်ရွက်လျက် ရှိကြောင်း အသိပေးထားသည်။

 

လက်နက်ကြီးလိုအပ်ချက်ကို ဖြည့်ဆည်းရန် ခရိုင်ထုတ်လုပ်ရေးစခန်းများ ထူထောင်လျက် လက် နက်ကြီး ပြောင်းနှင့် ဗုံးသီးများ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနေသကဲ့သို့ ဒရုန်းသည် လက်နက်ကြီး နေရာတွင် အစားထိုး နိုင်သော ထိရောက်သည့် ဗျူဟာမြောက်လက်နက် ဖြစ်လာရာ PDF/ ပကဖ များ၏ ဒရုန်း သုံးစွဲနိုင်မှုနှင့်စွမ်းရည်ကို မြှင့်တင်လျက် ရှိကြောင်း သိရသည်။

 

ယခုအခါ တပ်မ ၁၀ ခု၊ စကခ ၂၀ ဖြင့် ဖွဲ့စည်းထားသော စစ်ကောင်စီ အမာခံ တိုက်ခိုက်ရေး အင် အားသည် ၃ ပုံ ၂ ပုံခန့် ယိုယွင်း ပြုန်းတီးခဲ့ပြီ ဖြစ်ပြီး စစ်အခြေအနေ ဖန်တီးနိုင်မှုသည် တော်လှန်ရေး အင်အားစုများ၏ လက်သို့ အပြည့်အဝ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက စစ်မှု ထမ်းဥပဒေ ထုတ်ပြန်လျက် အဓမ္မစစ်သားစုဆောင်းလာခြင်းသည် ၎င်း၏ အင်အားချိနဲ့မှုကို ဖော်ပြ နေကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်တပ်၏ ထိပ်ပိုင်းအရာရှိများ မကြာခဏ အပြောင်းအလဲ လုပ် နေခြင်းကလည်း စစ်ရေးအရေးနိမ့်မှုနှင့် ကွပ်ကဲမှု ဖရိုဖရဲ ဖြစ်နေခြင်းကို ထင်ရှား စေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူသို့ အစီရင်ခံတင်ပြရာတွင် ထည့်သွင်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင်အတွင်းရှိ စစ်တပ်စခန်းနေရာ ၁၂ ခုကို တပြိုင်တည်းဝင် ရောက်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၂၄   မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂...