Mandalay News

Mandalay News

စဉ့်ကူးမြို့ပေါ်နှင့် လက်ပံလှကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အမျိုးသမီး တစ်ဦး အလောင်းမရသည်အထိ ပျက်စီးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၃၀

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်နှင့် လက်ပံလှကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ အမျိုးသမီးတစ်ဦး အလောင်းမရှာမရသည်အထိ ပျက်စီးသေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၉ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ ကစဉ့်ကူးမြို့နယ် လက်ပန်လှရွာ ပြည်စိုးအောင် ရပ်ကွက်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦး အရိုးအသားစများသာ ကျန်ခဲ့ သည်အထိ ပျက်စီးသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ၃ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၉ ရက် ည ၁၀ နာရီတွင် စဉ့်ကူးမြို့ပေါ်ရှိ ကြံခိုင်ရေးပါတီရုံးကို အကြမ်းဖက် စစ် ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော MIG 29 ဂျက်ဖိုက်တာ တစ်စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ ကြံခိုင်ရေးပါတီရုံအဆောက်အအုံပျက်စီးပြီး ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းရန် အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ဗုံးခို ကျင်းများ တူးထားကြရန်နှင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာပေး ကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

နွားထိုးကြီးမြို့နယ်တွင် မလှိုင်မြို့နယ်အတွင်းရှိ မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ သည့် စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းမှု ဗိုလ်မှူး ကျော်မင်းအပါအဝင် စစ်သား ၃၇ ဦး သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၃ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် မိန်းကလေး ၂၀ ဦးကျော်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်မှူးကျော်မင်းအပါအဝင် စစ်သား ၃၇ ဦးသေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း နွားထိုးကြီး PDF...