Myaung News

Myaung News

မြောင်မြို့နယ်၊ မင်းတန်းရွာကို စစ်တပ်ကလေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် ၄ လုံးပျက်စီး

 

D Day News

မေလ ၅

 

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ နေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့ပြီး နွား ၄ ကောင်သေဆုံးခဲ့ကြောင်း CDSOM အဖွဲ့မှ ထံမှ သိရသည်။

 

ယနေ့ မေလ ၅ ရက် နံနက်အစောပိုင်း ၁၂ နာရီမှ ၁၂ နာရီ မိနစ် ၃၀ အချိန်အတွင်း မြောင်မြို့နယ်၊ မင်းတန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ နေ အိမ် ၃ လုံးမီးလောင်ပျက်စီးပြီး နွား ၄ ကောင်သေဆုံးခဲ့ကြောင်း ၊ ကျေးရွာနေပြည်သူများမှ လွန်ခဲ့ သည့် ၄ ရက်ခန့်ကတည်းက စစ်ဘေးရှောင်နေကြရသဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

“မြောင်မြို့နယ်၊ မင်းတန်းရွာကို ဒီနေ့မနက် အစောပိုင်း လေယာဉ် ၂ နဲ့ ဗုံးသီး ၂ လုံးကျဲချတာပါ။ ပြည်သူတွေကတော့ စစ်ရှောင်နေကြရတာ ၄ ရက်ရှိပြီမို့ တစ်ယောက်မှ မထိခိုက်ပါဘူး” ဟု ကိုနွေဦး (မြောင်)က ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...