Jail News

Jail News

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်နှင့် ၁၄ မိုင်ကွာဝေး သည့် ကစထ ၆ အတွင်း၌ ထိန်းသိမ်းထားပြီး သွား၊ နှလုံးနှင့်သက်ကြီးပိုင်းတွင်ဖြစ်တတ်သောရောဂါ များ ခံစားနေရပြီး ဆေးမြီးတိုဖြင့်သာ ကုသနေရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၈

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်နှင့် ၁၄ မိုင် ကွာဝေး သည့် ကစထ ၆ အတွင်း၌ မတရားဖမ်းဆီးချုပ်နှောင်ထားပြီး သွား၊ နှလုံးနှင့် သက်ကြီးပိုင်းတွင် ဖြစ်တတ်သော ရောဂါများ ခံစားနေရပြီး ဆေးမြီးတိုဖြင့်သာကုသနေရကြောင်း မြန်မာ့အကျဉ်း သက်သေ – MPW က ထုတ်ပြန်ထားသည်။

 

၂၀၂၄ ခုနှစ် ဧပြီလ လယ်တွင် ပူပြင်းသည့် နွေရာသီ အပူချိန်ကြောင့်ဟုဆိုကာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ တိတ်တဆိတ်ခေါ်ဆောင်၍ အ ကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုံးထိုင်သည့် တည်နေရာနှင့် မကွာဝေးလွန်းလှသည့် နေရာတစ်ခုဖြစ်သည့် ကစထ(၆)တွင် မတရားအကျဉ်းချထားခဲ့ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားသည့်နေရာအား လက်ရှိအချိန်တွင် ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူမှ တာဝန်ယူဦးစီးနေကြောင်း သိရသည်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားချုပ်နှောင်ထားသည့်နေရာမှာ နေပြည် တော်အချုပ်ထောင်နှင့် (၁၄) မိုင်အကွာ ကီလိုမီတာအားဖြင့် (၂၂.၅)ကီလိုမီတာအကွာ အဝေး၌ ရှိ ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ပိုင်းဆိုင် ရာအရ ရည်ရွယ်ချက်ရှိရှိ ညှဉ်ပန်းနှိပ်စက်နေမှု လုပ်ဆောင်လျက်ရှိပြီး  လက်ရှိတွင် နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ သွား‌နှင့်ပတ်သက်သည့် ဝေဒနာ၊ နှလုံးနှင့် ပတ်သက် သည့် ဝေဒနာနှင့် အသက်အရွယ်အရ သက်ကြီးပိုင်းတွင်ဖြစ်လေ့ရှိသော ကျန်းမာရေး ဝေဒနာများ လည်း ခံစားနေရကြောင်း သိရှိရသည်။

 

အဆိုပါရောဂါဝေဒနာများအတွက်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်အပေါင်းပါ များက လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျ ကုသခွင့်မရရှိပဲ ဆေးမီးတို နည်းဖြင့်သာ ခွင့်ပြုပေးထားကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် အနေ ဖြင့် စစ်ကောင်စီက ခွင့်ပြုပေးထားသည့် ဆရာဝန်၊ ဆေးမှူးများဖြင့်သာ ကုသမှုခံယူနေရကြောင်း သိရသည်။

 

ထို့အပြင် အကျဉ်းသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် ‌မိသားစုနှင့်ထောင်ဝင်စာဧည့်တွေ့ခွင့်ကို မ ရရှိအောင် ပိတ်ပင်ခံထားရသည့် တစ်ဦးတည်းသော နိုင်ငံရေးအကျဉ်းသားဖြစ်ကြောင်း၊ ထောင်ဝင် စာဧည့်တွေ့ခွင့်သည် အကျဉ်းသားတိုင်း ရရှိရမည့်အခွင့်အရေးဖြစ်ကြောင်း အကျဉ်းထောင်လက်စွဲ ဥပဒေတွင် တရားဝင်ပြဌာန်းထားသော်လည်း ယခုကဲ့သို့ မိသားစုဝင်များနှင့်ထောင်ဝင်စာဧည့် တွေ့ ခွင့်မပေးခြင်း၊ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းသည် ရည်ရည်ချက်ရှိရှိနှင့် လုပ် ဆောင်နေသည့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတစ်ခုပင်ဖြစ်ကြောင်း မြန်မာ့အကျဉ်း သက် သေ – MPW က ထောက်ပြထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီး နှုတ်ထွက်ထားသူ စစ်မှုထမ်း တပ်သား အပါအဝင် ၂ ဦးအလင်းဝင်ခဲ့ကြောင်း Northwest Plains Revolutionary Forces – NPRF ထံမှ သိရသည်။ ဩဂုတ်လ လဆန်းပိုင်းမှ စ၍ မုံရွာမြို့နယ်...