Bago News

Bago News

ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာအနီး၌ အထိုင်ချထားသော စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၈

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာအနီး၌ အထိုင်ချထားသော စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တောကျီးကန်း ၇ ကောင်တပ်ရင်းက ထုတ်ပြန်သည်။

 

ဇွန်လ ၂၅ ရက်နေ့က ညောင်လေးပင်မြို့နယ်၊ ရေဖြူကန် ကျေးရွာမြောက်ဘက်ရှိ ဒိုးတန်းကုန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် 2.5 kg ဒရုန်း ဗုံးသီး ၃ လုံးကြဲချတိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်သား ၁ ဦး ယာခြေထောက်ပြတ် ဒဏ်ရာနှင့် ကျန်တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ လက်အောက်ခံတပ်ရင်း များ ဖြစ်သည့် တော်ဝင်ဒေါင်းတပ်ရင်းနှင့် တောကျီးကန်း ၇ ကောင်တပ်ရင်းတို့ ပူးတွဲဖော်ဆောင်သည့် “ကျော်စွာစစ်ဆင်ရေး” နှင့် တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့ပေါ်မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ

မြင်းခြံမြို့ပေါ်မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၅ ရက်နေ့ မြင်းခြံမြို့ပေါ်မှ အင်အား ၃၀၀ ခန့်ဖြင့် ညောင်ပင်ရွာဘက်သို့ ထွက်...