Yangon News

Yangon News

မှော်ဘီမြို့မရဲစခန်းကို မိုင်းခွဲတိုက်ခိုက်မှု ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၈

 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီမြို့မရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Yagon Army – YA တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၇ ရက် ည ၁၀ နာရီ ၂၅ မိနစ်က အကြမ်းဖက်စစ်တပ် လက်အောက်ခံ မှော်ဘီမြို့မ ရဲစခန်းမှ အစောင့်ရဲများအား အဝေးထိန်းမိုင်း ၂ လုံးကို လက်ပစ်ဗုံးကပ်၍ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက် ခဲ့ရာ ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လမ်းများပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

“ညကမစ်ရှင်လုပ်တဲ့အချိန်မှာ အစောင့် ရခ တစ်ယောက်တော့ ထိတယ်၊ နောက်ပိုင်းလမ်းတွေပိတ် တာ၊ စစ်ဆေးတာတွေ လုပ်တာရှိပါတယ်၊ အဝေးထိန်းမိုင်းကို လက်ပစ်မိုင်းကပ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် ပြင်းအားကတော့ တော်တော်ပြင်းပါတယ်၊ အသံလည်းအတော်ကျယ်တယ်။ ကျနော် တို့ရဲဘော်တွေအားလုံး အေးဆေးပါပဲ” ဟု Yagon Army – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ပူပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပြောက်ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

ရန်ကုန်မြို့ပြ ပြောက်ကျားရဲဘော်များ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သော ပစ်မှတ်များကို ဆက်လက် ၍ တိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်း၊ ထောက်တိုင်များ အနီးသွားလာနေထိုင်ခြင်းမပြုကြပါရန် သိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...