Mandalay News

Mandalay News

ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက် မှု အရာခံဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၈

 

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်သားများ ကိုတိုက်ခိုက်ခဲ့ရာ အရာခံဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်းAung San’s Land Natmauk – အောင်ဆန်းမြေအဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၂၆ ရက်နံနက် ၈ နာရီခန့်က ပျော်ဘွယ်မြို့နယ် ၊ ညောင်ကုန်းရဲစခန်းအနီးတွင် ဆက်ကြေး ကောက်ခံနေသော စစ်ကောင်စီဂိတ်ရှိ စစ်သား၊ ရဲ၊ ပျူစောထီး ၆ ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာခံ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး ကျန် ရဲတစ် ဦး၊ ပျူစောထီး ၁ ဦး တို့ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း MA1 အမျိုးအစား သေနတ် ၃ လက် (၁ လက်ပျက်စီး)၊ ၅ ဒသမ ၅၆ ကျည် ၆၄ တောင့်၊ ခရီးသွားပြည်သူများထံမှ အတင်းဓမ္မဆက်ကြေးကောက်ခံငွေ ၁၈၀၅၀၀ ကျပ် နှင့် ဖုန်း ၂ တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“မနက် ၈ နာရီလောက်ဝင်တိုက်တာ၊ ရဲစခန်းနဲ့ နီးကပ်နေတာမို့ ၅ မိနစ် အတွင်း ၃ မိနစ်နဲ့ ပွဲ အပြီး အောင်မြင်အောင် ကနိုင်ခဲ့တာပါ။ စစ်ကူက ဘေး ၂ ဖက်က ရဲတွေရှိတယ်၊ ၅ မိနစ်လောက်ခရီးကို ၁ နာရီလောက်ကြာမှ ရောက်လာတာ၊ ကျနော်တို့က Local PDF ဖြစ်နေလို့ ပြည်သူတွေရဲ့ ထောက်ပံ့ မှုနဲ့ မစ်ရှင်ဖော်ဆောင်နေတာဖြစ်ပါတယ်။ ပြည်သူတွေ ဒီထက်ပိုမိုဖြည့်ပေးနိုင်မယ်ဆိုရင် ဒီထက်ပို လှတဲ့ ပွဲတွေ ကပေးနိုင်ပါတယ်။” ဟု Aung San’s Land Natmauk – အောင်ဆန်းမြေအဖွဲ့မှ တာဝန် ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Aung San’s Land Natmauk အောင်ဆန်းမြေအဖွဲ့မှ ခြေလျင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း ၊ နတ်မောက်မြို့နယ်အတွင်းရှိ စစ်သား၊ ရဲ၊ ပျူစောထီးများအနေဖြင့် အလင်းဝင် ရောက်ကြ ရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား များ ထိခိုက်သေဆုံးမှုရှိ

သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား များ ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘုရင့်နောင် စစ်သင်တန်းကျောင်း ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ ထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၂၆ ရက်...