Shan State News

Shan State News

နောင်ချိုမြို့ကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး အေးမင်းအောင် ဒရုန်းဗုံးသီး ထိမှန်ပြီး နေပြည်တော်တွင် ဆေးကုသမှုခံယူနေ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်တပ်က ထိုးစစ်ဆင်လာသော တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး အေးမင်းအောင် ဒရုန်းဗုံးသီး ထိမှန်ကာ နေပြည်တော်တွင် ဆေးကုသမှု ခံယူကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့က နောင်ချိုမြို့နယ်၊ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနှင့် နောင်လင် ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၇၀ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၃၂ လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“အခြေအနေက မိုးမလင်းသေးဘူးကြမ်းနေပြီ၊ ကံကြီးဘက်ကနေ ထိုးတာ၊ ဘန့်ဘွေးကုန်းဘက်က တော့ လပခ ၂ ဗျူဟာရယ်၊ ပြင်ဦးလွင် သင်တန်းကျောင်းက တပ်တွေရယ်၊ တခြားတပ်မ လက်ကျန် တွေရဲ့ တပ်ရင်းတွေရယ် ပေါင်းထိုးနေတာ၊ အင်အားက ကပ်ဖဲ့ထုတ်နှုတ်ပြီး ထိုးနေတာပေါ့၊ သူတို့ ဘက်က စစ်ကြောင်းထိုး တိုက်ခိုက်နေတော့ ကိုယ့်ကလည်း ခုခံရင်း တိုက်ခိုက်နေရတာ၊ ၊ ပြည်သူ တွေ ကိုပြောချင်တာက အရမ်းကြီး စိုးရိမ်စရာမလိုပါဘူးလို့၊ ကျနော်တို့တွေ လုပ်စရာရှိတာ လုပ်နေ ကြပါတယ်လို့ ပြောချင်ပါတယ်” ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သော တစ်လန့်က ဗိုလ်မှူးကြီး သီဟသူရ အောင်းမင်းအောင်သည် တော်လှန်ရေးတပ်ဖွဲ့များ လွှတ်တင်သည့် ဒရုန်းကို ထွက်ကြည့်စဉ် ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေပြည်တော်တွင် ဆေးကု သမှု ခံယူနေကြောင်း သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၆ ရက်က နောင်ချိုမြို့နယ်၊ နောင်လင်းကျေးရွာနှင့် နောင်ဖာကျေးရွာကြားတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ၃၉ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၁၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ ဉာဏ်တောကျေးရွာတွင် တိုက်ပွဲအတွင်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ၃၁ လုံး နှင့် ဒရုန်းဖြင့် ဗုံး ၁၅ လုံး ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၂၅ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ နောင်လင်၊ နောင်အော၊ လုံစံနှင့် နောင်ဖာကျေးရွာတို့ တွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး ၂၈ လုံး၊လက်နက်ကြီး ၆၈ လုံးပစ်ကူပေး တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် ထိုးစစ်ဆင်မှုများ တစ်ဖက်သတ်အပစ်ရပ်ကာလ နောက် ထပ် ၁ လသက်တမ်းထပ်တိုးထားသည် စစ်ကောင်စီတပ်က အခွင့်ကောင်းယူ၍ အဆက်မပြတ် ထိုး စစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNLA သတင်း နှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ် ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့စစ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PNO တပ်ခွဲမှူး ဗိုလ်ကြီး နောင့်စိုင်း သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့...