Tanintharyi News

Tanintharyi News

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူ ၃ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၇

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူ ၃ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း – ပုလော PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်က ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အ လှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ပျူ ၃ ဦးသေဆုံးကာ ကျန်ပျူ များမှာ ဒရောသောပါးဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

သိမ်းပိုက်ရရှိသော ပျူစခန်းအား နယ်မြေရှင်းလင်းစဉ် ပျူအလောင်း ၃ လောင်း၊ M16A1 အမျိုးအစား ရိုင်ဖယ်သေနတ် ၄ လက်၊ ၎င်းကျည်ဘောက် ၂ ခု၊ AK-47 ရိုင်ဖယ် သေနတ် ၁ လက်၊ ၎င်း ကျည် ဘောက် ၄ ခု၊ ၅.၅၆ ကျည် အတောင့် (၁ဝဝဝ) ၊ ၇.၆၂ ကျည် (၁၃၈) တောင့်၊ လက်ပစ်ဗုံး (၂) လုံး နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင် အမျိုး သားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ မဟာမိတ်တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ် မြေရှင်းလင်းကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့စစ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PNO တပ်ခွဲမှူး ဗိုလ်ကြီး နောင့်စိုင်း သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့...