မြန်မာစစ်အုပ်စုကို R2P ဖြင့် အမြန်ဆုံးအရေးယူပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြတောင်းဆို
သံလွင်မြန်မာသတင်း
ဇွန်လ ၂၇
မြန်မာစစ်အုပ်စုကို R2p ဖြင့် အမြန်ဆုံးအရေးယူပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြတောင်းဆိုလိုက်ကြောင်း သိရသည်။
ဇွန်လ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၈၀) ကြိမ်မြောက် မျက်နှာ စုံညီအစည်းအဝေး ၏ “ကာ ကွယ် မှုပေးရန်တာဝန်ရှိမှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင် ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများ ကာကွယ်တားဆီးရေး နှစ် (၂၀) ပြည့် အအထိမ်းအမှတ် အစည်းအဝေး (Responsibility to Protect (R2P) and the Prevention of Genocide, War Crimes, Ethnic Cleansing, and Crimes against Humanity) တွင် ၎င်းက တင်ပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း၌ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာခြင်း ကြောင့် ပဋိပက္ခ ဖြစ်ပွား မှု ဆက်လက်မြင့်မားနေပြီး ဗုံးကြဲတိုက်ခိုက်မှုများနှင့် မြို့ပြနှင့် ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများမြောက်သည့် အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများ၏ ဒဏ်ကို အရပ်သားပြည်သူများက ခါးစည်းခံနေရသည်ဟု အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် လည်း ဖော်ပြထားကြောင်း သိရသည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် R2P အပေါ်ထားရှိသည့် မွန်မြတ်သော ကတိ ကဝတ်ကို အပြည့် အဝ ကိုင်စွဲရန်နှင့် ယင်းကတိကဝတ်အား အဓိပ္ပါယ်ပြည့်ဝသော အရေးယူ ဆောင်ရွက်ချက်အဖြစ် ပြောင်း လဲလုပ်ဆောင်ရန် ကြိမ်ဖန်များစွာ သတိပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှု တစ်နှစ် ထပ်တိုးလာခဲ့ပြီဖြစ်သော်လည်း အသိအမှတ်ပြုနိုင်လောက်သည့် တိုးတက်မှု တစ်စုံတစ်ရာ မရှိပါကြောင်း၊ မြန်မာပြည်သူများနှင့် နိုင်ငံအနေဖြင့်ယုတ်မာခက်ထန်သည့် စစ်အုပ်စုမှ ကျူးလွန်လျက်ရှိသော ရက်စက် ကြမ်းကြုတ်မှုများကို ကြံ့ကြံ့ခံ အံတုနေရကြောင်း သတိ ပေးထားသည်။
အဆိုပါ စစ်အုပ်စုအနေဖြင့် ပြည်သူများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန် နေပြီး စစ်မက်ပြုခြင်းကိုလည်း နေ့စဉ်နှင့်အမျှ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ စစ်အုပ်စုနှင့် ၎င်း တို့နှင့် ဆက်နွယ်နေသူများ၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံရသည့် ပြည်သူဦးရေ (၆,၈၀၀) ကျော်ရှိသည်ဟု အတည်ပြုထားနိုင်ပြီး ကိန်းဂဏန်းအမှန်မှာ ထို့ထက် ပိုမို မြင့်မားနိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လူသားစာနာမှုအခြေအနေမှာ ဆိုးရွားလျက်ရှိပြီး ၃.၅ သန်းကျော်မှာ နေရပ် စွန့်ခွာနေရကြောင်း၊ သန်း (၂၀) ကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေး ပေါ်လိုအပ်လျက်ရှိပြီး ယင်းအနက် ၁၀.၄ သန်းမှာ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များ ဖြစ် ကြောင်း၊ ၆.၃ သန်းမှာ ကလေးသူငယ်များဖြစ်ပြီး အခြားသော မသန်စွမ်းသူ များနှင့် ဖယ်ကျဉ် ခံ ထားရသည့် အုပ်စုများအနေဖြင့်လည်း အလားတူ အခြေအနေ များအောက်၌ ထိခိုက်လွယ် လျက် ရှိသည်ဟု ဆိုသည်။
ရိုဟင်ဂျာများအနေဖြင့်လည်း နေရပ်သို့ ဘေးကင်း လုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက် ပြန် လည် သွားရောက်ရေးအတွက်လည်း မရေရာမှုများ နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
တစ်ဖက်၌လည်း ဆင်းရဲနွမ်းပါးမှုက မြင့်တက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှုန်းက ၂၀၁၇ ခုနှစ်အတွင်း ၂၄.၈ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၄၉.၇ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့ သည်ဟု UNDP က ဖော်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် မြို့ပြရန်ကုန်၌ပင်လျှင် ဆင်းရဲနွမ်းပါးမှု နှုန်းထားက သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခု နှစ် တစ်နှစ်တည်း၌ပင် ၅၃ ရာခိုင်နှုန်းသော ကလေးသူငယ်များအနေဖြင့် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အ ခြေခံမျဉ်းအောက်သို့ ကျရောက်နေသဖြင့် အလွန် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း၊ စီးပွားရေး ကျဆင်းမှု၊ နေရပ်စွန့်ခွာမှုနှင့် မမျှတသောဝန်ဆောင်မှုများကြောင့် အိမ်ထောင်စု မြောက်များစွာ သည် ဆင်းရဲတွင်းသို့ နေ့စဉ် ကျရောက်နေရလျက်ရှိကြောင်း သိရသည်။
အခြားတစ်ဖက်တွင်လည်း နိုင်ငံ၏ လူမှုအသိုက်အဝန်းက ဆုတ်ယုတ်လာနေပြီး ကလေး သူငယ် များမှာ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစသည့် အခြေခံ အခွင့်အရေးများကို ဆုံးရှုံးနေကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ကျဉ်းမြောင်းလာခြင်း၊ စစ်တပ်၏ အဓမ္မ တပ်သား စုဆောင်းမှု၊ ငွေညှစ်ခြင်းနှင့် အမျိုးမျိုးသော အလွဲသုံးစားပြုမှုများကြောင့် ပြည်သူများမှာ ပြည်တွင်းမှ ထွက်ခွာ နေကြကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသည် လုပ်ငန်း အရွယ်အစား ကြီးမားသော အွန်လိုင်းလိမ်လည်မှုများနှင့် လူကုန် ကူး ခြင်းနှင့် ဆက်နွယ်နေသည့် နယ်စပ် ဖြတ်ကျော်မှုခင်းများ စုဝေးဖြစ်ပေါ်ရာရပ်ဝန်းတစ်ခု ဖြစ် လျက်ရှိကြောင်း သတိပေးထားသည်။
သို့သော်လည်း စစ်အုပ်စုက မြန်မာနိုင်ငံတွင် နေထိုင်သည့် ပြည်သူများအပေါ်၌ တိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ ဆက်လက်လုပ်ဆောင်နေကြောင်း၊ ထို့အတူ ၎င်းတို့အား ဆန့်ကျင်မှုများနှင့် ဒီမိုက ရေစီစံနှုန်းများအား ဖိနှိပ်ရန် ကြီးလေးသော ရာဇဝတ်မှုများကိုလည်း စနစ်တကျ ကျူးလွန်လျက် ရှိကြောင်း သိရသည်။
မကြာသေးမီက ဖျက်အားပြင်း ငလျင်လှုပ်ခတ်ပြီးသည့်နောက်တွင်လည်း စစ်အုပ်စုက ၎င်းတို့၏ အပစ်ခတ်ရပ်စဲရေးကြေညာချက်ကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ကာ အရပ်သားပြည်သူလူထု အပေါ် ၌ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး မြေငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့ကအထိ လေကြောင်း တိုက်ခိုက်မှု ၉၈၂ ကြိမ် လုပ်ဆောင်ခဲ့ ပြီး ဖြစ်ကာ အရပ်သား ပြည်သူ ၆၀၈ ဦးသေဆုံးပြီး နှင့် ၁,၃၀၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
မြန်မာ စစ်အုပ်စုအနေဖြင့် လူသားစာနာ အကျပ်အတည်းကို စစ်လက်နက်သဖွယ် အသုံးချကာ ပိတ် ဆို့တားဆီးခြင်းများနှင့် ကန့်သတ်ချက်များ ချမှတ်ခြင်းဖြင့် အကူအညီ လိုအပ်နေသူများထံသို့ အသက် ကယ်အကူအညီများ မရောက်ရှိနိုင်ရန် ဟန့်တားလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအပေါ်တွင် ဝင်ရောက်ခွင့်/ အသုံးပြုခွင့် တားမြစ်ခြင်း၊ ဗီဇာထုတ်ပေး မှုအား ကြန့်ကြာစေခြင်းနှင့် အထောက်အပံ့ပစ္စည်းများ သိမ်းဆည်းခြင်း အစရှိသော လူမဆန် သည့် ပုံစံဖြင့် ထပ်ခါတလဲလဲ နှောင့်ယှက်လျက်ရှိကြောင်း အသိပေးထားသည်။
၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် R2P စည်းမျဉ်းအရ ပြည်သူ လူထု အား လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူ သားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခံရခြင်းမှ ကာကွယ်ပေးရန် နိုင်ငံများ တွင် တာဝန်ရှိသည်ဟု အလေးထားဖော်ပြထားကြောင်း ၊နိုင်ငံတစ်နိုင်ငံ အနေဖြင့် ထိုသို့ ဆောင်ရွက် ရန် ပျက်ကွက်လျှင် သို့မဟုတ်ပါက ယင်းကိုယ်တိုင်က အဆိုပါ ပြစ်မှု များ ကျူးလွန်သူဖြစ်လျှင် နိုင်ငံ တကာအသိုက်အဝန်းက စုပေါင်း အရေးယူဆောင်ရွက်ရန် တာဝန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ကြေကွဲဖွယ်ကောင်းသည် ဥပမာတစ်ခုပင် ဖြစ်ပြီး စစ်အာဏာ ရှင် များအနေဖြင့် အာဏာရရှိရန် အတုအယောင် ရွေးကောက်ပွဲ အပါအဝင် မတရား သည့် နည်း လမ်း မျိုးစုံကို အသုံးပြုလျက်ရှိကြောင်း၊ စစ်အုပ်စုသည် ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ဖျက်ဆီး ထားသည့်အပြင် အကြမ်းဖက်မှုများနှင့် ဖိနှိပ်ချုပ်ခြယ်မှုများကို စနစ်တကျ ဆက်လက် ကျူးလွန်နေ ကြောင်း၊ ထိုသို့ လုပ်ဆောင်ထားသည်ကို ကြည့်ခြင်းအားဖြင့် စစ်အုပ်စုသည် လူ့အသက်နှင့် အပြည် ပြည်ဆိုင်ရာဥပဒေတို့အား အရေးမစိုက်ကြောင်းကို မျက်နှာ ပြောင်စွာ ပြသနေခြင်းပင်ဖြစ်ကြောင်း ထောက်ပြထားသည်။
ထို့အပြင် စစ်အုပ်စုအနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချကာ လူမဆန်သည့် လုပ်ရပ်များကို ဆတိုးကျူးလွန်နေပြီး ပြည်တွင်းဥပဒေများနှင့် R2P ၏ စည်းမျဉ်း အနှစ်သာရ အပါအဝင် အပြည် ပြည် ဆိုင်ရာဥပဒေတို့ကိုပါ ချိုးဖောက်လျက်ရှိကြောင်း အသိပေးထားသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားတို့က ၎င်းတို့လက်ဝယ်တွင် စစ်အုပ်စု မှ စနစ် တကျ ကျူးလွန်ထားသည့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုင်ရာ အထောက်အ ထား အလုံအလောက်ရှိသည်ဟု အသိပေးထားကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ယင်း သက်သေအထောက်အထားများကို အသုံးပြု၍ ရာဇဝတ်သားများကို တရား ဥပဒေအရ တာဝန်ခံမှုရှိ စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ် ကြီး ဦးကျော်မိုးထွန်းက တင်ပြထားသည်။
နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့်လည်း တုံ့ဆိုင်းမနေဘဲ ညီညွတ် သော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော ချဉ်းကပ်မှုဖြင့် စုပေါင်း အရေးယူဆောင်ရွက်ချက်များ ချမှတ်ရ မည် ဖြစ်ပြီး လုံခြုံရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက် (၂၆၆၉) ကို အခြေခံကာ အရေးယူဆောင် ရွက် ချက်ကို ဗဟိုပြု၍ စောင့်ကြည့်လေ့လာမှုနှင့် အစီရင်ခံမှု ယန္တရားတို့ ပါဝင်သော ဆုံးဖြတ်ချက် အား ထပ်မံချမှတ်ရန် အထူးလိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
မြန်မာနိုင်ငံအကျပ်အတည်းကြောင့် ကမ္ဘာပေါ်တွင် အခြားသော ရိုက်ခတ်မှုများနှင့် အပျက်အစီး များ သည့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရန် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေးထောက်ပံ့မှုများ စီးဆင်းနေမှုအား ချက်ချင်း ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ် ဆောင်ရန် အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်များလည်း ရှိထားပြီးဖြစ် သောကြောင့် တိကျပြတ်သားစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများအတွက် အကာအကွယ်ပေးရန်၊ ပြစ်မှုကျူးလွန်သူများ အား ရက်စက်ကြမ်းကြုတ်မှုများ ထပ်တိုးလုပ်ဆောင်ခြင်းမှာ တားဆီးရန်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ အား ဖြေရှင်းရန် ပြဿနာ၏ဇစ်မြစ်ကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ စစ်တပ်ကို မဖြစ် မနေ တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်း၊ ထို့နည်းတူ စစ်အာဏာရှင်၊ ၎င်းတို့၏ မတရား စစ်အာဏာ သိမ်းမှုနှင့် ပြစ် ဒဏ် ကင်းလွတ်ခွင့် အစဉ်အလာတို့အား အပြီးတိုင် ချုပ်ငြိမ်းရမည်ဖြစ်ကြောင်း ဆက်လက်ပြောဆို သည်။
နိုင်ငံတကာအသိုက်အဝန်း မေတ္တာရပ်ခံ လိုကြောင်း၊မြန်မာပြည်သူများ၏ အသံများနှင့် မျှော်မှန်း ဆန္ဒများကို နားထောင်ပေးရန်၊ ပြတ်သားသည့် ဆုံးဖြတ်ချက်၊ အရေးယူဆောင်ရွက်ချက်များကို အချိန်မီ ချမှတ်ပေးရန် လိုအပ်လျက်ရှိပြီး ထိုသို့ ရပ်တန့်နိုင်မှသာ အပြစ်မဲ့ ပြည်သူများ၏ အသက်များ ကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ထောက်ပြောဆိုသည်။
Thanlwin Myanmar Media