TNLA News

TNLA News

မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့်နေအိမ် ၅ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၆

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၂၅ ရက် ည ၁၁ နာရီ ၁၃ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တအာင်းပြည်၊ တပ်မ ဟာ ၄ နယ်မြေ၊ မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅ဝ ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း နှင့် နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ညနေပိုင်းက ကျောက်မဲမြို့အတွင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအ၀င် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄၉ အိမ်နှင့် စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက တိုက်တွန်း ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ...