Mandalay News

Mandalay News

မိတ္ထီလာမြို့နယ်တွင် အင်အားရာချီရှိသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၅

 

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် အင်အားရာချီအသုံးပြုကာ စစ်ကြောင်းထိုးလာသော စစ်ကောင် စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Danu State National Defense Army – DSNDA တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၄ ရက် ညနေ ၆ နာရီခန့်က မိထ္ထီလာမြို့နယ် ၊ အုံတုံရွာနှင့် ဂွေးတောက်ကန်ရွာ ကြားသို့ စစ်ကြောင်း ထိုးလာသော တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နာရီဝက်ခန့် ကြာ မြင့်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အင်အားကများ ရာဂဏန်းဝန်းကျင်လောက်ရှိမယ်၊ အရေအတွက်တော့ သေချာမသိရဘူး။ အနီးအ နားကို ပြန်ဆုတ်သွားပြီးတော့ ဒီနေ့မနက် ပြန်ပြီး စစ်ကြောင်းထိုးလာနေတယ်။ အဖက်ဖက်ကနေ စစ်မျက်နှာဖွင့်လာနိုင်တာမို့ မိဘပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြဖို့ ပြောချင် ပါတယ်” ဟု Danu State National Defense Army – DSNDA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မိထ္ထီလာမြို့နယ် ၊ သာစည်မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစု၊ တောင် သာ ပကဖ နှင့် Danu State National Defense Army – DSNDA တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...