Yenanchaung News

Yenanchaung News

ရေနံချောင်းမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ည ၈ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံ

 

D Day News

မေလ ၅

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ည ၈ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြရန် မကွေးခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားသည်။

 

ယမန်နေ့ မေလ ၄ ရက်နေ့မှ စတင်၍ ယာကြီးပြင် အင်တောလမ်း ၊ချိုင်းလေး တိုင်စဉ်လမ်း၊ ကုန်း အိုင်၊ ဖောင်းကွဲ၊ လွန်ပရှိုလမ်း၊ မိုးပေါ်ကန်၊ ညောင်ဇောက်ချောင်း၊ ရွှေတုတ်ကန်၊ ဝါရိုး၊ မကျည်းတိုင်း လမ်း တို့ကို နံနက် ၆ နာရီ ည ၈နာရီ‌‌ နောက်ဆုံးထား၍ ဖြတ်သန်းသွားလာကြပါရန်နှင့် ခွင့်ပြုချိန် အ တွင်း ကားများ သွားလာပါက မှန်ချမောင်းရန် ထုတ်ပြန်ထားသည်။

 

“အဓိက ကတော့ စစ်ရေးအခြေအနေ တင်းမာနေတာရယ်၊ ကျန်တဲ့အပိုင်းတွေရယ်၊ ထိတွေ့မှုတွေ လည်း ဖြစ်နေတာရယ်ကြောင့် မနက် ၆ နာရီကနေ ည ၈ နာရီနောက်ပြီးတော့ သွားကြပါ။ သွားမယ် ဆိုရင်လည်း ကျနော်တို့ဘက်ကို အသိပေးအကြောင်းကြားပြီးတော့ သွားပါပေါ့။ ပြီးတော့ ခွင့်ပြုထား တဲ့အချိန်ဖြတ်သန်းသွားလာနေကြတဲ့ ကားတွေကလည်း မှန်ချပြီးတော့ မောင်းကြဖို့ပေါ့။ ထုတ်ပြန် ချက်ကို မလိုက်နာဘူးဆိုရင်တော့ နောက်ဆက်တွဲဖြစ်လာမယ့်အကျိုးဆက်တွေကို ကျနော်တို့ ဘက် က တာဝန်ယူမှာမဟုတ်ဘူးဆိုတာ ပါပဲ။” မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ ရဲများသည် အိမ်စီးကားများ၊ အရပ်ဝတ်များဖြင့် အသွင်ယူကာ အင်းအားဖြည့်တင်းခြင်းများရှိပြီး အများပြည်သူလုံခြုံရေးစိုးရိမ်ရသဖြင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ ယခု ထုတ်ပြန်ချက်သည် နောက်ထပ် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မထုတ်ပြန် မချင်းအတည်ဖြစ် ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...