Sagaing News

Sagaing News

အရာတော်မြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၅

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ ကြောင်း Danger Force မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

 

ဇွန်လ ၁၉ ရက်နေ့က အရာတော်မြို့နယ် ၊ ငွေတွင်းပျူရွာ နှင့် မီတာ ၈၀၀ အနီး၌ တစ်ကြိမ် ၊ ဇွန်လ ၂၀ ရက်နေ့တွင် အရာတော်မြို့နယ် ၊ ငွေတွင်း ပျူရွာအနီးရှိ ဦးကြာစိ တံတားဘေး၌ တစ်ကြိမ်နှင့် အရာတော်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦအောင်အား ပစ်ခတ်ရှင်းလင်းမှု တစ်ကြိမ် လုပ် ဆောင်ခဲ့ရာ စစ်သား၊ ပျူစောထီးစုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Danger Force – မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ နှင့်အတူ မုံ ရွာ ခရိုင် ပကဖ ၊ အရာတော်မြို့နယ် ပကဖ ၊ မုံရွာခရိုင် အမှတ် ၂၁ ​တပ်ရင်း ၊ NDRF တပ်ဖွဲ့နှင့် အခြားမဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိသည်။

 

Danger Force – မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ အနေဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ချိန်မှ စ၍ ယနေ့ အချိန်ထိ သပိတ်စစ်ကြောင်းလှုပ်ရှားမှုများ ၊ စစ်ရေးလှုပ်ရှားမှုများ ၊ လေ့ကျင့်ရေး များ ၊ တိုက်ပွဲများ ၊ ထုတ်လုပ်ရေးလုပ်ငန်းများ ၊ Drone စစ်ဆင်ရေးများ ၊ လက်နက်ကြီး စစ်ဆင်ရေး များ ၊ ကာကင်းလှုပ်ရှားမှုများစွာ လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ တိုက်ပွဲများ ဆင်နွှဲ နိုင် ရန်အတွက် ပြည်တွင်းပြည်ပမှ မိဘပြည်သူများ အနေဖြင့် ကျည် ၊ လက်နက် ၊ ခဲယမ်းဖိုးများ ပါဝင် အားဖြည့်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာ၊ လူငယ် အားမာန်၊ စာကြည့်တိုက်၌ ကပ်ထားသည့် မဲစာရင်းစာရွက်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက်နေ့က...