Magway News

Magway News

ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မိုးဝင်း ကိုယ့်ကိုကို ကြိုးဆွဲချပြီး အဆုံးစီရင်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၄

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မိုးဝင်းသည် မိမိ ကိုယ်မိမိ ကြိုးဆွဲချကာ အဆုံးစီရင်သွားကြောင်း ပခုက္ကူမြို့နယ်အခြေစိုက် Cobra One Pakokku တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၃ ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ် ၊ လယ်ယာကျေးရွာနေ အသက် ၄၀ အရွယ် ခန့်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မိုးဝင်းသည် ၎င်း၏ နေအိမ်အတွင်း လည်ပင်းကို ကြိုးဖြင့် ချည်ကာ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ထားသည် မှာ ကြာမြင့် နေပြီပြီး ပြည်သူလူထုအပေါ်၌ မတရာဆက်ကြေးကောက်၊ အနိုင်ကျင့်နှိပ်စက်နေသူ ဖြစ်ကြောင်း သိ ရ သည်။

“သူ့ကို စကစကခန့်ထားတာကြာပါပြီ။ သူ့နေအိမ်ထဲမှာပဲ လည်ပင်းကြိုးချည်ပြီး အဆုံးစီရင်သွားတာ ပါ။ သူက မြေယာတွေကိုလည်း အလွဲသုံးစားလုပ်ပြီး ရောင်းစားထားတာတွေလည်း မနည်းဘူးလို့ သိ ရတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း စကစက သူ့ကို အချုပ် ၂ ရက်ချလိုက်သေးတယ်။ စစ်မှုထမ်း ကြေးဆိုလည်း တစ်လတစ်ခါ ကောက်ပေးရတယ်။ တစ်အိမ်ကို ကျပ် တစ်သောင်းခွဲကောက်ပေးရ တာ၊ သူ့လုပ်ရပ်တွေကို သူသိလို့ ဒီလိုလုပ်သွားတာနေမှာပါ” ဟု Cobra One Pakokku တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအနေဖြင့် ပခုက္ကူမြို့နယ်အခြေစိုက် Cobra One Pakokku တပ် ဖွဲ့ အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်၍ ပူးပေါင်းကာ အလင်းဝင်ရောက်ကြရန်နှင့် စစ်ကောင်စီတပ်သား၊ ပျူစောထီးများအနေဖြင့် အလင်းဝင်ပူးပေါင်းကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မသန်းစွမ်းအမျိုးသမီး ၁ ဦးနှင့်ကျောင်းသား ၃ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း CDF -Mindat...