Bago News

Bago News

ညောင်လေးပင်မြို့နယ်၊ ရေဖြူကံကျေးရွာ၌ အထိုင်ချထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၄

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တောကျီး ၇ ကောင်တပ်ရင်းထံမှ သိရသည်။

 

ဇွန်လ ၂၀ ရက် ည ၈ နာရီ ၃၀ မိနစ်က ညောင်လေးပင်မြို့နယ်၊ ရေဖြူကံကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ၆၀ မမ ဗုံး သီး ၂ ကြဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ နေထိုင်ရာ အဆောက်အအုံပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောကျီးကန်း ၇ ကောင်တပ်ရင်း (Drone) တပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေ သော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ထံမှသ...