Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ၅၅၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၃

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရါာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၂ ဦးလက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း တနင်္သာရီမြို့နယ်ပကဖထံ မှ သိရသည်။

 

ဇွန်လ ၁၉ ရက်နေ့က မြိတ်ခရိုင်၊ တနင်္သာရီမြို့အနီး ၊ အောက်ကင်းရွာ အခြေအစိုက် ခမရ ၅၅၇ တပ် ရင်းမှ တပ်သား ၂ ဦး လမ်းကင်းတာဝန်ကျစဉ် ထွက်ပြေးလာပြီး တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပ.က.ဖ) ထံဆက်သွယ်၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ခဲ့သူများသည် ရန်ကုန်တိုက်ကြီး၊ဂျိုးဖြူ အမှတ် ၁ စစ်သင်တန်း၊လေ့ကျင့်ရေးကျောင်း ၊ အ ပတ်စဉ် ၁ ကို ၂ လခွဲခန့် တက်ရောက်ခဲ့သူများဖြစ်ပြီး ဘုတ်ပြင်းမြို့နယ်၊ စကခ ၁၃ တွင် မွန်းမံသင် တန်း ၂ ပတ် ထပ်မံ တက်ရောက်ခဲ့ရကြောင်း၊ ထို့နောက် မြိတ်မြို့ ၁၀၃ တပ်သို့ ၂ ရက် ကြာ ပို့ဆောင် ခံခဲ့ရကြောင်း သိရသည်။

 

ထို့နောက် တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာနှင့် ပနပ်ငယ်ရွာကြား လမ်းကင်းတာဝန်ကျစဉ် MA-3 အ မျိုးအစား သေနတ် ၂ လက်၊ ကျည် ဘောက် ၉ ဘောက်၊ ကျည်အတောင့် ၂၄၀ တောင့်၊ ကျည်ကာ ၁ စုံတို့နှင့်အတူ ထွက်ပြေးလွတ်မြောက်လာပြီး တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံ ဆက်သွယ်၍ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ကျနော်တို့က ရပ်ရွာထဲမှာ စစ်မှုထမ်းအလှည့်ကျလို့ ၊မဲနှိုက်တာပေါက်လို့ ပါသွားတာမဟုတ်ပါဘူး အတင်း အဓမ္မ ဖမ်းဆီး ဆွဲစိခံရပြီးပါလာကြတာပါ။ ကျနော်တို့ကတော့ စစ်ကောင်စီကို ပြန်ချမှာပါ” ဟု အလင်းခဲ့သည့် စစ်ကောင်စီတပ်သားများက ပြောဆိုသည်။

 

အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်များကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံ ရသူများ အပါအဝင်ပြည်သူဘက်ရပ် တည်လိုသော တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ အနေ ဖြင့် တနင်္သာရီမြို့နယ်ပြည်သူ ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ နီးစပ်ရာ တော် လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း အသိပေးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့၌ တာဝန်ကျနေသော စစ်မှု ထမ်း တပ်သား ၈ ဦး အလင်းဝင်

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့၌ တာဝန်ကျနေသော စစ်မှု ထမ်း တပ်သား ၈ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၄ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့တွင် တာဝန်ကျ နေသော စစ်မှုထမ်းတပ်သား ၈ ဦး အလင်းအလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း - P23702 ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့က ကျောက်ကြီးမြို့နယ်၊...