Magway News

Magway News

ရေနံချောင်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး သေဆုံး၊ စစ်သားများက ကျေးရွာနှစ်ရွာ ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက် ဆီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၃

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၂၇ ရက်နေ့က မကွေးအခြေစိုက် တပ်မ ၈၈ ၊ ခလရ ၇၇ ၊ ခလရ ၁၃ မှ အကြမ်းဖက်စစ်သား များသည် ကျောက်ပန်းတောင်းမြို့နယ်၊ စည်ပင်ပျူရွာမှ ပျူစောထီးများပူးပေါင်းကာ အင်အား ၁၅၀ ခန့်ဖြင့် ရေနံချောင်းမြို့နယ်၊ သားကူးကန်ကျေးရွာ ၊ ဖိုးကိုးလမ်းမှ တဆင့် ဝင်ရောက်လာသော ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ ဇွန်လ ၁၆ ရက်နေ့ကအထိ ရက် ၂၀ ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် လွန်ပင်ရှိုကျေးရွာမှအပြစ်မဲ့ ပြည်သူ ၁ ဦး အင်တော ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁ ဦး တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ ကံသာ(ရွာသစ်) ကျေးရွာနှင့် လွန်ပင် ရှိုကျေးရွာမှ တို့မှ ပြည်သူ့ နေအိမ် နှစ်ရွာပေါင်း ၁၅ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

 

“ဇွန်လ ၁၆ ရက်နေ့မှ ကုန်းအိုင်၊ ဖောင်းကွဲလမ်းကနေ ပြန်ထွက်သွားတာ၊ မကွေးအခြေစိုက် တပ်မ ၈၈ ၊ ခလရ ၇၇ ၊ ခလရ ၁၃ တပ်နဲ့ ကျောက်ပန်းတောင်း၊ စည်ပင်ရွာက ပျူတွေပေါင်းပြီး ဝင်လာလို့ တိုက်ပွဲဖြစ်တာပါ၊ မေလ ၂၇ ရက်နေ့စဝင်တဲ့အချိန်ကစပြီး ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တယ်၊ ရက် ၂၀ ကြာတိုက်ပွဲအတွင်း စခ ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရရှိပါတယ်” ဟု ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို People’s Defence Force -Yenangyaung (YNG-PDF) ၊ Tamar Myay Special Column၊Yenanthar Columnနှင့် အင်တောတိုက်နယ် (ပကဖ)တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့်စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့်စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၉ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖထံမှ သိရသည်။ ဇူလိုင်လ ၂၇ ရက် နံနက် ၈ နာရီ ၁၀...