Magway News

Magway News

ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့်အတူ ၁ ဦးအရှင်မိ ၊ နတ်ရေကန်ဗျူစခန်းမှထွက်ပြေးလာသော စစ်သား ၁၄ ဦးအရှင်မိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၂

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး လက်နက် ၆ လက်နှင့်အတူ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် -အရှိုထံမှ သိရသည်။

 

ဇွန်လ ၂၀ ရက် နံနက် ၇ နာရီ ၂၅ မိနစ်က ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်း ရန်ကာကွယ်ရေး တပ်စခန်း (ဗျူဟာကုန်း)၏ ခွန်ဇူရွာလမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီ ကာကင်းစခန်းကို ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ၁၅ မိနစ်ခန့်အကြာဖြစ်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ ကျန်စစ်သားအများအပြားဒဏ်ရာရရှိကာ ထွက်ပြေးသွားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံးပြုသော MA အမျိုးအစား လက်နက်ငယ် ၅ လက်၊ BA 100 စိန်ပြောင်း ၁ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လူ့ဘောင်သစ်တပ်မတော် (NSA)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ပူးပေါင်းကာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CDF – Asho မှ တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဇွန်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက် ရေး လုပ်ဆောင်နေစဉ် နတ်ရေကန် ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၄ ဦး ကို  MA3 အမျိုးအစား သေနတ် ၁ လက်၊ လက်နက်ခဲယမ်းအချို့နှင့်အတူ ဖမ်းဆီး ရရှိခဲ့ကြောင်း ချင်း ကာကွယ်ရေးတပ် – အရှိုက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ထိခိုက် သေဆုံးမှုများပြားပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၈ ရက်နေ့...